Healthy Life Ad
Women

အသက် ၃၀ ကျော်ချိန်မှာ၂၅ နှစ်အရွယ်ထက်ပင်ပိုကြည့်ကောင်းနေစေမည့်ပေါင်းတင်နည်းများ

၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်)

(၁) မုန်လာဥနီ-ကြက်ဥတို့ဖြင့် ပေါင်းတင်နည်း
မုန်လာဥနီတစ်လုံးကိုယူပြီး ကြိတ်ပါ။ ကြက်ဥတစ်လုံးခေါက်ပြီး မုန်လာဥနီကြိတ်ပြီးသား လက်ဖက်စားဇွန်းတစ်ဇွန်းထည့်ကာ ရောမွှေပါ။ လက်ချောင်းထိပ်တွေနဲ့ မျက်နှာကို ညင်ညင်သာသာနှိပ်ပေးပါ။ ပြီးရင်မျက်နှာနဲ့ လည်ပင်းကို ပေါင်းတင်သလိုလိမ်းပါ။ မိနစ် ၃၀ ကြာထားပြီး ရေအေးနဲ့ဆေးလိုက်ပါ။ ပြီးမှ အစိုဓာတ်ထိန်းခရင်မ်လိမ်းပေးပါ။

ဒီပေါင်းတင်နည်းကို ၁၀ရက်ကြာ ပြုလုပ်နိုင်ပြီး တစ်ပတ်ခန့်နားလိုက်ပါ။ တစ်လကြာတဲ့အခါ သက်ကြီးအစက်အပြောက်တွေ သိသိသာသာလျော့ပါးပြီး အသားအရေ ချောမွေ့လန်းဆန်းနေပါလိမ့်မယ်။

(၂) တရုတ်နံနံသုံးပြီးပေါင်းတင်နည်း
ဂျုံကြမ်း လက်ဖက်စားဇွန်းတစ်ဇွန်း၊ တရုတ်နံနံရွက်နဲ့ သံပရာရည်ထမင်းစားဇွန်းတစ်ဇွန်းတို့ကို ရောမွှေပြီး ကြိတ်ပေးပါ။ ပြီးရင် မျက်နှာကို သုတ်လိမ်းပြီး မိနစ် ၂၀ ကြာထားပေးပါ။ ရေအေးနဲ့ ဆေးပြီး အစိုဓာတ်ထိန်းခရင်မ်လိမ်းပေးပါ။ သင့်အသားအရေက အဆီပြန်ရင် ဒါမှမဟုတ် ပုံမှန်အသားအရေဆိုရင် ဒီပေါင်တင်နည်းကို တစ်ရက်ခြားပြုလုပ်နိုင်ပါတယ်။ သင့်အသားအရေက ခြောက်သွေ့နေရင် တစ်ပတ်နှစ်ကြိမ် ဒီပေါင်းတင်နည်းကိုပြုလုပ်ပေးပါ။တရုတ်နံနံနဲ့ ပေါင်းတင်နည်းက အသားအရေကိုတောက်ပစေပြီး မျက်နှာအရေပြားကို တင်းရင်းစေပါတယ်။

(၃) ငှက်ပျောသီးဖြင့်ပေါင်းတင်နည်း
ငှက်ပျောသီးတစ်လုံးကို ကြိတ်ချေပါ။ အသားအရေက အလွန်အမင်းခြောက်သွေ့နေရင် ခရင်မ်နည်းနည်းထည့်ပါ။ ပြီးရင် မျက်နှာပေါ်သုတ်လိမ်းပြီး ၂၀-၃၀ မိနစ်ကြာထားပါ။ ရေအေးနဲ့ ဆေးချလိုက်ပါ။ ဒီပေါင်းတင်နည်းကို တစ်ပတ်မှာ အကြိမ်အနည်းငယ် လုပ်နိုင်ပါတယ်။ငှက်ပျောသီးနဲ့ ပေါင်းတင်တာကြောင့် အသားအရေကို ပိုလန်းဆန်းစေပြီး ကျန်းမာစေပါတယ်။ သက်ကြီးအစက်အပြောက်တွေကိုလည်း ကင်းစင်စေပါတယ်။

(၄) အရေးကြောင်း ကင်းစေမည့် ယောဂကျင့်စဉ်
မျက်နှာကို ယောဂကျင့်ပေးတာက ဒီနေ့ခေတ် မှာ ရေပန်းစားလာတာတဲ့ကျင့်စဉ်ပါ။ အသားအရေ တင်းရင်းပြီး အရေးကြောင်းကင်းစင်စေပါတယ်။ ဒီလေ့ကျင့်ခန်းမလုပ်ရင် မျက်နှာနဲ့လက်ကိုအရင်သန့်ရှင်းရေးလုပ်ပေးဖို့ မမေ့ပါနဲ့။ တစ်ပတ်မှာ အနည်း ဆုံး ၄-၅ ကြိမ်ပြုလုပ်ပေးရပါမယ်။

မျက်ဝန်းတစ်ဝိုက် အလေးထားခြင်း
ဘယ်ညာမျက်ခုံးအောက်မှာ လက်ညှိုးတင်ပြီး မျက်ဝန်းအောက်မှာ လက်မတင်ပါ။ မျက်ခုံးကိုပင့်ကြည့်ပါ။ပြီးရင် မျက်ဝန်းပိတ်ပေးပါ။ ဒီလေ့ကျင့်ခန်းကို အကြိမ်များများ လုပ်ပေးပါ။

နဖူးပေါ်က ရေပြင်ညီအရေးကြောင်း ချောမွေ့စေခြင်း
ဘယ်ညာလက်ညှိုးတွေက မျက်ခုံးနဲ့ မီလီမီတာအတော်ဝေးဝေးမှာ ဖိထားပါ။ မျက်ခုံးမလှုပ်နိုင်အောင် အရေပြားကိုဆန့်ကျင်ပြီး လက်ချောင်းထိပ်တွေကို ဖိလိုက်ပါ။ မျက်မှောင်ကြုတ်လိုက်တဲ့အခါ မျက်ခုံးထောင့်နဲ့ နားထင်ဆီ လက်နဲ့ဖိဆွဲလိုက်ပါ။ ငါးစက္ကန့်လောက်နေပြီးမှ ပြန်နားပေးပါ။ ဒီလေ့ကျင့်ခန်းကို သုံးကြိမ်လုပ်ပါ။

နဖူးပေါ်က ဒေါင်လိုက်အရေးကြောင်း ကင်းစင်စေခြင်း
လက်ချောင်းတွေကို မျက်ခုံးနဲ့ နဖူးပေါ်ဖိထားပြီး အရေပြားကို ဆွဲဆန့်ပေးပါ။ မျက်မှောင်ကြုတ်လည်း မျက်ခုံးတွေကို ရွေ့လျားနိုင်အောင် လုပ်ပေးပါ။ ဒီအနေအထားအတိုင်း ၁၅-၂၀ စက္ကန့်ထားပေးရပါမယ်။ ဒီလေ့ကျင့်ခန်းကို သုံးကြိမ်လုပ်ပါ။

(၅)ပန်းသီးရှလကာရည်ဖြင့် ပေါင်းတင်နည်း
ပန်းသီးရှလကာရည်က သက်ကြီးအစက်အပြောက်တွေကို လင်းလက်စေပါတယ်။ မျက်နှာပေါ်က အစက် အပြောက်တွေပေါ် ရှလကာရည်နည်းနည်းစီတို့ပေးပါ။ တစ်ညတာထားပြီးမှ မျက်နှာသစ်ပါ။

(၆) ကြက်ဆူဆီ
ကြက်ဆူဆီမှာ အစွမ်းထက် အနာကျက်ဂုဏ်သတ္တိရှိပါတယ်။ မျက်နှာပေါ် အနည်းငယ်သုတ်လိမ်းပြီး နှိပ်နယ်ပေးပါ။ မနက်ကော ညပါ ပြုလုပ်နိုင်ပါတယ်။ တစ်လလောက်ကြာရင် အစက်အပြောက်တွေ သိသိသာသာ လျော့ပါးသွားမှာပါ။

(၇) ဗီတာမင်စီ
အသားအရေအိုမင်းလာတာကြောင့် ဗီတာမင်စီလိုအပ်ချက်လည်း မြင့်မားလာပါတယ်။ ဗီတာမင်စီက အသားအရေတင်းရင်း ကျန်းမာကြည့်ကောင်းစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top