Healthy Life Ad
International

ဗီတာမင်ဒီများခြင်းက အူမကြီးကင်ဆာ အန္တရာယ်ကို၃၁ ရာခိုင်နှုန်း လျော့ကျစေနိုင်

၊ ကိုထက် ၊

ဗီတာမင်ဒီများတာက အူမကြီးကင်ဆာအန္တရာယ်ကို သိသိသာသာ လျော့ကျစေနိုင်တယ်လို့ နိုင်ငံတကာလေ့လာမှုအသစ်တစ်ခုအရ သိရပါတယ်။ဗီတာမင်ဒီကို အဆီများတဲ့ ငါးနဲ့ နေရောင်ခြည်ကနေ ရရှိပြီး ဗီတာမင်ဒီက ကင်ဆာဆဲလ်သွားရာ လမ်းကြောင်းကို ပိတ်ဆို့တဲ့နည်းနဲ့ အစာအိမ်မှာအကျိတ်တွေ မဖြစ်အောင် ဟန့်တားကာကွယ်ပေးတယ်လို့ သိရပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ ကာကွယ်မှုအပေးနိုင်ဆုံးဖြစ်တယ်လို့လည်း ဆိုပါတယ်။လေ့လာမှုအရ အမေရိကန်လူမျိုး လေးပုံသုံးပုံနဲ့ ဗြိတိန်လူမျိုး ငါးပုံတစ်ပုံက ဗီတာမင်ဒီချို့တဲ့နေတယ်လို့ သိရပါတယ်။

လေ့လာသူတွေက အူမကြီးကင်ဆာဖြစ်သူ ၅၇၀ဝ ကျော်ကို လေ့လာဆန်းစစ်ခဲ့ရာ ဗီတာမင်ဒီ ချို့တဲ့သူတွေမှာ အူမကြီးကင်ဆာဖြစ်နိုင်ခြေ ၃၁ ရာ ခိုင်နှုန်း မြင့်မားတာကို ငါးနှစ်ကျော်ကြာ လေ့လာမှုအရတွေ့ရှိခဲ့ပါတယ်။ ဗီတာမင်ဒီက အရိုးသန်စွမ်းကျန်းမာစေတာကြောင့် ဗီတာမင်ဒီလျော့နည်းသူတွေမှာ အရိုးကျန်းမာရေး ထိခိုက်နိုင်ခြေ ၂၂ ရာခိုင်နှုန်းလျော့နည်းနေတာကို တွေ့ရှိခဲ့ရပါတယ်။

အူမကြီးကင်ဆာက အမေရိကန်မှာ အမျိုးသားနဲ့ အမျိုးသမီးတွေအနက် တတိယအဖြစ်များဆုံး ကင်ဆာရောဂါဖြစ်တယ်လို့ သိရပါတယ်။ ဒီတွေ့ရှိမှုက အူမကြီးကင်ဆာရောဂါ ကာကွယ်ရေးအတွက် ဗီတာမင်ဒီဖြည့်စွက်ဆေးမှီဝဲဖို့ အတည်ပြုထားတာတော့ မဟုတ်ဘူးလို့ လေ့လာသူတွေကဆိုပါတယ်။ဗီတာမင်ဒီကို သဘာဝအစားအစာထဲမှာ ပမာဏများများ ရှာတွေ့ဖို့ခက်ပေမယ် ဆယ်လ်မွန်ငါး၊ ချိစ်၊ အားဖြည့်နွားနို့နဲ့ ဥအမျိုးမျိုးလို အစာတွေမှာ အဓိကတွေ့ရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top