Healthy Life Ad
Health Tips

၀ယ်ထားသော ဟင်းသီးဟင်းရွက်များကို လတ်ဆတ်အောင် သိမ်းဆည်းနည်းများ

နေ့စဉ် စားသောက်နေကျ အစားအသောက်ထဲမှာ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကို ထည့်စားတာက ကျန်းမာရေးကို ကောင်းမွန်စေရုံသာမက ကျန်းမာရေးပြဿနာ အများစုဖြစ်နိုင်ခြေကိုလည်းလျှော့ချနိုင်ပါတယ်။ ဒါကြောင့် ဟင်းသီးဟင်းရွက်တွေကိုဝယ်ယူပြီး အိမ်မှာ သိမ်းဆည်းထားဖို့လိုပါတယ်။ အဲဒီလို သိမ်းထားတဲ့အခါ ဘယ်လိုသိမ်းထားရမယ်ဆိုတာ မသိတာကြောင့် ဟင်းသီးဟင်းရွက်တွေရဲ့ လတ်ဆတ်မှုနဲ့ အနံ့အရသာဟာ ပျက်ပြယ်သွားပြီး ပုပ်သိုးသွားတာမျိုးတောင် ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်စေဖို့ ဟင်းသီးဟင်းရွက်တွေကို ဝယ်ယူပြီးတဲ့အခါ ဘယ်လိုသိမ်းဆည်းထားသင့်တယ်ဆိုတာ အကြံပြုလိုပါတယ်။

(၁) ဟင်းသီးဟင်းရွက်တွေကိုဝယ်ပြီး ချက်ချင်းမသုံးဘူးဆိုရင် အများကြီး မဝယ်ထားသင့်ပါဘူး။ ဝယ်ထားပြီးပြီဆိုရင်လည်း အာဟာရဓာတ်တွေ မပျက်ပြယ်ဘဲ လတ်ဆတ်နေအောင် သိမ်းထားရမယ့်နည်းကို မစဉ်းစားခင် နောက်ရက်တွေအထိ အထားခံလောက်သလားဆိုတာ သင့်လက်ချောင်းတွေနဲ့ စမ်းသပ်ကာထိတွေ့ကြည့်သင့်ပါတယ်။

(၂) ဟင်းသီးဟင်းရွက်အမျိုးအမည်အလိုက် ထားသိုရတဲ့ ပုံစံလည်း ကွာခြားမှုရှိသွားပါတယ်။ တချို့ဟင်းသီးဟင်းရွက်တွေက ရေခဲသေတ္တာထဲ သိမ်းထားသင့်ပေမယ့် တချို့အမျိုးအစားတွေကိုတော့ သိမ်းမထားသင့်ပါဘူး။

(၃) မုန်လာဥဖြူ၊ ရွက်စားမုန်လာဥတို့လို အမြစ်ပါတဲ့ ဟင်းသီးဟင်းရွက်တွေကို သိမ်းမယ်ဆိုရင် အရွက်တွေကိုဖယ်ပြီး သိမ်းရပါမယ်။ အရွက်တွေကို ပလတ်စတစ်အိတ်ထဲထည့်ပြီး သိမ်းထားမှာ အရွက်က အစိုဓာတ်အငွေ့မပျံမှာပါ။

(၄) မှိုတွေကိုသိမ်းမယ်ဆိုရင် ပလက်စတစ်အိတ်ထဲ ထည့်သိမ်းမယ့်အစား စက္ကူအိတ်ထဲ ထည့်သိမ်းပါ။ မှိုတွေလေမလုံနေစေဖို့ စက္ကူအိတ်ကို အနည်းငယ်ဟထားရပါမယ်။ မှိုဟာ တခြားဟင်းသီးဟင်းရွက်တွေဆီက အနံ့အသက်ကို စုပ်ယူနိုင်တာကြောင့် အနံ့ပြင်းတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ ခွဲထားရပါမယ်။ မှိုတွေကို မသိမ်းခင် လှီးဖြတ်တာ၊ ဆေးကြောတာမျိုးမလုပ်ရပါဘူး။ ချက်ခါနီးအချိန်ကျမှသာ မှိုတွေကို ဆေးကြောလှီးဖြတ်သင့်ပါတယ်။

(၅) အာလူး၊ ချင်း(ဂျင်း)၊ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီတို့လို ဟင်းသီးဟင်းရွက်တွေကို ရေခဲသေတ္တာထဲ မသိမ်းထားသင့်ပါဘူး။ ခြောက်သွေ့၊ အေးမြပြီး မှောင်တဲ့နေရာမှာ သိမ်းထားသင့်ပါတယ်။ နေရောင်ခြည်ကြောင့် ဟင်းသီးဟင်းရွက်တွေကို စောစောပုပ်သိုးလွယ်စေနိုင်လို့ပါ။

(၆) လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေနဲ့အတူ ပုပ်သိုးနေတဲ့ ဟင်းသီးဟင်းရွက်တွေကို ရောမသိမ်းပါနဲ့။ ပုပ်သိုးနေတဲ့ ဟင်းသီးဟင်းရွက်တွေကနေ ထွက်လာတဲ့ အီသိုင်လင်းဓာတ်ငွေ့နဲ့ ဖန်းဂတ်စ်မှိုတွေကြောင့် တခြားဟင်းသီးဟင်းရွက်တွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဟင်းသီးဟင်းရွက်တွေကို ရေခဲသေတ္တာထဲမသိမ်းခင် နွမ်းနေတဲ့၊ ပုပ်သိုးနေတဲ့ ဟင်းသီးဟင်းရွက်တွေကို လွှင့်ပစ်လိုက်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top