Healthy Life Ad
Men

အုန်းဆီ၏ အံ့အားသင့်ဖွယ်ရာ အသုံးဝင်ပုံများ

၊ လရိပ်မေ ၊

အုန်းဆီဟာ သင်ရဲ့တစ်ကိုယ်ရေ သန့်ရှင်းလှပရေးအတွက် အောက်ပါအတိုင်း အသုံးဝင်နေပါတယ်။

(၁) အုန်းဆီက ခြောက်သွေ့တဲ့ အရေပြားကို စိုပြည်စေပါတယ်။

(၂) ဆံကေသာအနှံ့လိမ်းပေးရင် ဆံပင်သား အဖျားနှစ်ခွဖြစ်တာကို သက်သာစေပြီး ဆံပင်သားခြောက်သွေ့နွမ်းနယ်မှုကို လျော့ပါးစေပါတယ်။ အုန်းဆီလိမ်းတာကြောင့် ဦးရေပြားကို စိုပြည်စေပါတယ်။

(၃) ချွေးနံ့ကင်းပြီး တစ်ကိုယ်ရေ သင်းပျံ့လိုရင် ချိုင်းအောက်မှာ အုန်းဆီအနည်းငယ် ဆွတ်ပေးသင့်ပါတယ်။

(၄) လက်သည်း၊ ခြေသည်းတွေကို အုန်းဆီလိမ်းပြီး နှိပ်နယ်ပေးရင် လက်သည်း၊ ခြေသည်းတွေမှိုစွဲတာကင်းစေပြီး လက်သည်း၊ ခြေသည်းတွေကို ကျန်းမာသန်စွမ်းစေပါတယ်။

(၅) ဝက်ခြံတွေ လျော့ပါးသက်သာစေဖို့ ဝက်ခြံ အဖုအပိမ့်တွေပေါ်မှာ အုန်းဆီအစက်အနည်းငယ် တို့ပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top