Healthy Life Ad
Q & A

ကလေး ဘာကြောင့် မရသေးတာလဲ . . .

မေး ။ သမီးအိမ်ထောင်ကျတာတစ်နှစ်ကျော်ပါပြီ။ သားသမီးမရသေးလို့ပါ။ အမျိုးသားရော အမျိုးသမီးရော စစ်ပြီးပါပြီ။ နှစ်ယောက်လုံး အဖြေကောင်းပါတယ်။ တစ်ခုရှိတာက အတူတူနေပြီးတာနဲ့ သုက်ရည်က အကုန်ပြန်ထွက်ကုန်ပါတယ်။ ဒါကြောင့်ပဲ ကလေးမရသေးတာလား။ ပက်လက်အနေထားနဲ့ ငြိမ်ငြိမ်နေရင်လည်း ချက်ချင်းပြန်ထွက်ကုန်ပါတယ်ရှင့်။

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။

ဖြေ ။ ချက်ချင်းထွက်မကျအောင် တင်ပါးအောက်မှာ စောင်ထူထူခံပြီး အောက်ပိုင်းလေးကို နည်းနည်း မြှောက်ထားနိုင်တယ်။ ဆက်ကြိုးစားပါ။ ဘုရားရှိခိုးဆုတောင်း။ ဇွဲမလျှော့တမ်း ကြိုးစားဖို့က ကိုယ့်တာဝန်မဟုတ်လား။ ကိုယ်နဲ့ထိုက်ရင်ရလိမ့်မယ်။ အချိန်အကြာကြီး မရသေးရင်တော့ အိုဂျီနဲ့ပြ။ အကူအညီတောင်းပေါ့။ “ချစ်တတ်မှကလေးရ”ဆိုတဲ့ ဆရာ့စာအုပ်လေးကို ဖတ်ကြည့်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top