Healthy Life Ad
Health Tips

ကင်ဆာဖြစ်နိုင်ခြေကို ၄၀ ရာခိုင်နှုန်း လျော့ကျစေမည့် နည်းလမ်း ၉

(၁) ကိုယ်အလေးချိန်ကို ကျန်းမာရေးနဲ့အညီ ထိန်းထားပါ။

(၂) တက်ကြွစွာနေထိုင်ပါ။ လမ်းများများလျှောက်တာ၊ ဥယျာဉ်စိုက်ပျိုးတာ၊ အိမ်အလုပ်လုပ်တာတို့ လုပ်ဆောင်ပါ။ အချိန်ခဏပဲထိုင်ပြီး တီဗီကြည့်ချိန်၊ ကွန်ပျူတာသုံးချိန်၊ ဖုန်းပြောချိန်တို့ကိုလျှော့ချပါ။

(၃) တစ်နေ့မှာ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် ငါးကြိမ်စားပါ၊ အထူးသဖြင့် ပန်းဂေါ်ဖီစိမ်း၊ ရုံးပတီသီး၊ အမြစ်ပါ ဟင်းသီးဟင်းရွက်တွေ၊ ရောင်စုံသစ်သီးဝလံတွေ၊ ကောက်နှံတစ်ခုလုံးစာနဲ့ ပဲအမျိုးမျိုးကို စားပေးပါ။

(၄) အဆင်သင့်အစာနဲ့ အဆီ၊ ကစီဓာတ်နဲ့ သကြားဓာတ်တွေပါဝင်မှုများတဲ့ ပြုပြင်ထားတဲ့ အစာတွေကို ဖြတ်ပါ။

(၅) အများအားဖြင့် ရေသောက်ပါ၊ မချိုတဲ့အရည်သောက်ပါ။ သစ်သီး juice ရှောင်ပါ။

(၆) အရက်နဲ့ ဆေးလိပ်မသောက်ပါနဲ့။

(၇) အစားအသောက်ကို မျှတပြည့်ဝအောင် စားပေးပါ။ အားဆေးကို တတ်နိုင်သမျှ မသောက်ပါနဲ့။

(၈) မိခင်တွေအတွက် သင့်ကလေးကို မိခင်နို့ချို တိုက်ကျွေးပါ။ မိခင်နို့ချိုတိုက်ကျွေးတာက မိခင်နဲ့ကလေးအတွက် ကောင်းမွန်ပါတယ်။

(၉) ကင်ဆာရောဂါကို စောစောစီးစီးကြိုသိနိုင်အောင် ကျွမ်းကျင်တဲ့သမားတော်နဲ့ တွေ့ဆုံပြီး စစ်ဆေးမှုကိုခံယူသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top