Healthy Life Ad
Q & A

အမြွှာကိုယ်ဝန်လိုချင်ပါတယ် . . .

မေး ။ သမီး အသက်၂၀ မှာ ကလေးတစ်ယောက်၊ အသက် ၂၁မှာ ကလေးတစ်ယောက်ရပါတယ်။ အရမ်း နီးသွားလို့လားမသိဘူး၊ သားအိမ်နဲ့ ချုပ်ရိုးအရမ်းနာလို့ ခဏခဏ ဆရာဝန်နဲ့ပြတော့ သားအိမ်နံရံ ထူတယ်လို့ပြောပါတယ်။ အဲဒါ ဆေးသောက်ဆေးထိုးပြီး အခုမသက်သာဘူး။ အဲဒါ သားအိမ်ပြန်ခြစ်တာနဲ့ ဆိုင်ပါလားရှင့်။ ပြီးတော့ နောက်ကိုယ်ဝန်ကို အမြွှာလေးလိုချင်လို့ ဘယ်လိုနေထိုင်စားသောက်ရမလဲရှင့်။

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည် ။
ဖြေ ။ တစ်နှစ်ပဲခြားပြီး ကလေးနှစ်ယောက်ရတာတော့ နီးလွန်းတယ်။ ကလေးမွေးပြီး အနည်းဆုံး တစ်နှစ်လောက်တော့ ခြားသင့်တယ်။ အမြွှာလေးလိုချင်တယ်ဆိုတာ မွေးပြီးတဲ့ အမြွှာလှလှလေး တွေ့လို့ပါ။ ကိုယ်ဝန်ဆောင်ချိန် ဒုက္ခအရမ်းပေးချိန်မှာတွေ့ရင် အားကျမယ်မထင်ဘူး။ အမြွှာအကြောင်းသိချင်ရင် “ခွဲမွေးရမယ့်ရက်ဗေဒင်မေးလို့တွက်” ဆိုတဲ့ ဆရာ့စာအုပ်လေးကိုဖတ်ကြည့်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top