Healthy Life Ad
Life Style

အချိုရည်အလွန်အကျွံသောက်ခြင်းနှင့် ကျောက်ကပ်ကျန်းမာရေး

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း-တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. အချိုရည်တွေကို အလွန်အကျွံသောက်တာကြောင့် ဘယ်လိုကျန်းမာရေးပြဿနာတွေ ဖြစ်တတ်ပါသလဲ ဆရာ။

ဖြေ. ဒီနေ့ခေတ်မှာ အချိုရည်တွေကလည်း မျိုးစုံရှိနေပါတယ်။ ရာသီဥတုကလည်း ပူတဲ့အတွက် အချိုရည်အေးအေးလေးတွေကို အလွယ်တကူ သောက်ကြတယ်။ ကလေးတွေကလည်း အချိုရည်တွေကို ကြိုက်ကြတယ်။ အချိုရည်တွေက သောက်လို့တော့ ရပါတယ်။ တန်ဆေးလွန်ဘေး ဆိုတဲ့အတိုင်း အချိုရည်တွေကို အလွန်အကျွံ သောက်လာတဲ့အခါကျတော့ ကျန်းမာရေးထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။ အမြှုပ်ထတဲ့ ကာဗွန်ပါအချိုရည်မှာ အထူးသဖြင့် ဆော်ဒါ၊ သကြား စတာတွေ ပါတယ်။ ဒီလို အချိုရည်အမျိုးအစားတွေကို တစ်နေ့နှစ်မျိုးလောက် ပုံမှန်သောက်သုံးတဲ့သူတွေဟာ ကြာလာရင် ကျောက်ကပ်ထိခိုက်နိုင်ပါတယ်။

မေး. အချိုရည်တွေကို အလွန်အကျွံသောက်တာကြောင့် ကျောက်ကပ်မှာ ဘယ်လိုထိခိုက်မှုတွေ ဖြစ်တတ်ပါသလဲ ဆရာ။

ဖြေ. အထူးသဖြင့် ကျောက်ကပ်လုပ်ငန်းဆောင်တာတွေ အားနည်းတာနဲ့ ကျောက်ကပ်မှာ ကျောက်တည်တာတို့ ဖြစ်တတ်ပါတယ်။ အချိုရည်များများသောက်တာကြောင့် ခန္ဓာကိုယ်ထဲမှာ ဖော့စ်ဖိုးရစ်များတဲ့အတွက် ကျောက်ကပ်မှာ ကျောက်တည်နိုင်ပါတယ်။ ပြီးတော့ အရိုးလည်း ပွစေနိုင်ပါတယ်၊ အဲဒီအခါ အရိုးကျိုးလွယ်တာကို တွေ့ရပါတယ်။ အထူးသဖြင့် အချိုရည် အလွန်အကျွံသောက်တာကြောင့် ကျောက်ကပ်ထိခိုက်စေနိုင်ပါတယ်။

တချို့တွေဆိုရင် အချိုရည်ကို တစ်နေ့တည်းနဲ့ သုံး-လေး-ငါးခွက်လောက် သောက်တာ တွေ့ရပါတယ်။ တချို့ကျတော့ တစ်နေ့တစ်ခွက် ဒါမှမဟုတ် တစ်ဘူးလောက်သောက်တာ တွေ့ရပါတယ်။ သုတေသနမှာ တွေ့ရှိချက်အရ အချိုရည် တစ်မျိုးထက်ပိုပြီး နေ့စဉ်သောက်သုံးရင် ကြာလာတဲ့အခါ . . .

မေး. အချိုရည်ကို တစ်နေ့ဘယ်လောက်သောက်ရင် ကျောက်ကပ်အတွက် အန္တရာယ်ရှိနေပြီလဲ ဆရာ။

ဖြေ. တချို့တွေဆိုရင် အချိုရည်ကို တစ်နေ့တည်းနဲ့ သုံး-လေး-ငါးခွက်လောက် သောက်တာ တွေ့ရပါတယ်။ တချို့ကျတော့ တစ်နေ့တစ်ခွက် ဒါမှမဟုတ် တစ်ဘူးလောက်သောက်တာ တွေ့ရပါတယ်။ သုတေသနမှာ တွေ့ရှိချက်အရ အချိုရည် တစ်မျိုးထက်ပိုပြီး နေ့စဉ်သောက်သုံးရင် ကြာလာတဲ့အခါ ကျောက်ကပ်ထိခိုက်စေနိုင်တယ်လို့ ပြောထားပါတယ်။ ဆိုလိုတာက အချိုရည်တစ်ခွက် သောက်တာနဲ့ ကျောက်ကပ်ထိတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ တတ်နိုင်ရင်တော့ သဘာဝ သစ်သီးဖျော်ရည်ကိုသောက်တာ အကောင်းဆုံးပါ။ အချိုရည်ကို မသောက်ရမနေနိုင်ဘူးဆိုရင်တော့ အသင့်အတင့်ပဲသောက်ပါလို့အကြံပြုချင်ပါတယ်။

အထူးသဖြင့် ကာဗွန်ပါအချိုရည်တွေကို အလွန်အကျွံသောက်ရင်တော့ ကျောက်ကပ်ထိခိုက်နိုင်ပါတယ်။ အချိုရည်သောက်မယ်ဆိုရင် အခုအခါ No Calorie Soda or Zero Calorie soda or Caffeine free ထုတ်ထားတဲ့ အချိုရည် တွေသောက်မယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်။ ဒါလည်း တန်ဆေးလွန်ဘေး သတိထားရပါမယ်။

အခုနောက်ပိုင်း သုတေသနတွေမှာ တွေ့လာရတာက သကြားဓာတ်လွန်ကဲတာက လူ့ခန္ဓာကိုယ်ကို ဒုက္ခပေးတယ်လို့ သိရပါတယ်။ သကြားဓာတ် များများရယူတဲ့သူတွေက ခန္ဓာကိုယ်အလေးချိန် တိုးလာတယ်၊ အဝလွန်လာတယ်၊ အဲဒါနဲ့ ဆက်စပ်ပြီး ဆီးချိုရောဂါဖြစ်လာတယ်။ ကလေးတွေမှာဆိုရင် ပိုပြီးသတိထားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အခုနောက်ပိုင်း သကြားမပါတဲ့ အချိုရည်ကို ရွေးချယ်သောက်လာကြတာဖြစ်ပါတယ်။ Juice တွေ ဘာတွေသောက်ရင်လည်း သကြားမထည့်ဘဲ ဒါမှမဟုတ် သကြားလျှော့ပြီး သဘာဝစစ်စစ်အရသာကိုသောက်ရင် ကျန်းမာရေးအတွက် ပိုကောင်းပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top