Healthy Life Ad
Health Tips

နေ့စဉ် သတိပြုပါ၊ ဆားများသော အစားအစာ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

အစားအစာတွေ တာရှည်ခံအောင်နဲ့ အရသာရှိအောင်ဆိုပြီး ဆားတွေကို ထည့်ထားတတ်ပါတယ်။ ဒါပေမဲ့ ဆားများလွန်းရင်တော့ သင့်ကျန်းမာရေးအတွက် အန္တရာယ်ရှိတာကြောင့် ဆားကဲတဲ့ အစားအစာတွေကို ရှောင်သင့်တာရှောင်ပြီး လျှော့သင့်တာကို လျှော့စားပေးရပါမယ်။

– အဆင်သင့် ခေါက်ဆွဲခြောက်

အီတလီခေါက်ဆွဲကိုစားတာက ကျန်းမာရေးအတွက် သင့်တော်ပေမယ့် အဆင်သင့်ခေါက်ဆွဲခြောက်ထုပ်နဲ့ ခေါက်ဆွဲခြောက်ဗူးတွေမှာ ဆားပါဝင်မှုများပြီး တစ်ခွက်စာပမာဏမှာ ဆိုဒီယမ် ၂၈၀မီလီ ဂရမ်ပါဝင်နေပါတယ်။

– အေးခဲအောင်လုပ်ထားသော ပုဇွန်ကဲ့သို့သော ပင်လယ်စာများ

အေးခဲအောင်လုပ်ထားတဲ့ ပုဇွန်နဲ့ပင်လယ်စာအများစုကို ဆားတွေနဲ့တာရှည်ခံအောင် နယ်ထားလေ့ရှိပါတယ်။ အကြမ်းဖျဉ်းအားဖြင့် အေးခဲအောင်လုပ်ထားတဲ့ ပင်လယ်စာ သုံးအောင်စမှာ ဆိုဒီယမ် ၂၂၂ မီလီဂရမ်ပါဝင်ပါတယ်။ ဒါကြောင့် ပင်လယ်စာတွေဝယ်ယူတဲ့အခါ တတ်နိုင်သမျှ လတ်ဆတ်တာကို ရွေးဝယ်သင့်ပါတယ်။

– ဒိန်ခဲပျော့ (Cottage Cheese)

ဒိန်ခဲပျော့တစ်ခွက်စာပမာဏမှာ ဆိုဒီယမ် ၉၁၈ မီလီဂရမ် ပါဝင်နေပါတယ်။ ဒါကြောင့် နို့နဲ့နို့ထွက်ပစ္စည်းတွေကို စားမယ်ဆိုရင် ဒိန်ခဲပျော့အစား ဒိန်ခဲအမာနဲ့ နွားနို့ကို အစားထိုး မှီဝဲသင့်ပါတယ်။

– ကျပ်တင်ထားသော ဆယ်လ်မွန်ငါးနှင့် ထရောက်ငါး

တကယ်လို့ သင်က ကျပ်တင်ထားတဲ့ အစားအစာတွေကို ကြိုက်နှစ်သက်ပြီး စားချင်တယ်ဆိုရင် သင့်အနေနဲ့ ဆိုဒီယမ်ကိုပါ ရရှိပါလိမ့်မယ်။ အကြောင်းကတော့ ဒီအစားအစာတွေကို ကျပ်မတင်ခင်မှာ ဆားရေထဲ စိမ်ထားတာကြောင့်ပါ။ ကျပ်တင်ထားတဲ့ ဆယ်လ်မွန်ငါးသုံးအောင်စမှာ ဆိုဒီယမ် ၆၀ဝ မီလီဂရမ်ထက် ပိုမိုပါဝင်နေပါတယ်။ ဒါကြောင့် ဆယ်လ်မွန်ငါး၊ ထရောက်ငါးတို့လို အိုမီဂါသရီးဖက် တီးအက်စစ်ပါဝင်မှုများတဲ့ ငါးတွေကို ပြုတ်စားတာ၊ ပေါင်းစားတာ တွေပြုလုပ်ပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top