Healthy Life Ad
Health Tips

ကမ္ဘာပေါ်တွင် ခန္ဓာကိုယ်အသွယ်လျဆုံး ဂျပန်လူမျိုးတို့၏ အာဟာရစည်းမျဉ်း ၈ သွယ်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)
ဂျပန်လူမျိုးတွေက ဘဝသက်တမ်းအရှည်ဆုံး လူမျိုးဖြစ်တယ်လို့ စံချိန်ချိုးပါတယ်။ ဒါ့အပြင် ဂျပန်လူမျိုး ၃ ရာခိုင်နှုန်းကသာ အဝလွန်နေတာကြောင့် ကမ္ဘာပေါ်မှာ သွယ်လျသူအများဆုံး နိုင်ငံအဖြစ်လည်း အသိအမှတ်ပြုထားကြပါတယ်။ ဒါကတော့ အာဟာရကြောင့်ဖြစ်ပါသတဲ့။ ဂျပန်လူမျိုးတွေ ဘယ်လိုစားသောက်နေနိုင်ထိုင်သလဲဆိုတာ အတုယူနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။

(၁) ဂျပန်အစားအစာလမ်းညွှန်မှာ အဓိက အစာက အဆီနည်းအစာနဲ့ ကာဗိုဟိုက်ဒရိတ်ပဲ ဖြစ်ပါတယ်။ ဆားပမာဏ၊ ပြုပြင်ထားတဲ့ အစာ၊ အချိုစာနဲ့ သကြားများများပါတဲ့ အချိုရည်တို့ကို လျှော့ရပါမယ်။

(၂) ဂျပန်အစားအစာတွေမှာ အခြေခံက ကောက်နှံနဲ့ အုတ်ဂျုံကွေကာဖြစ်ပြီး ဟင်းသီးဟင်းရွက်(ဟင်းရွက်သုပ်၊ စွပ်ပြုတ်)၊ အသားနဲ့ ငါးဟင်းလျာတွေပါဝင်ပါတယ်။ သစ်သီးနဲ့ နို့ထွက်ပစ္စည်းတွေကို တစ်နေ့နှစ်ကြိမ် စားကြပါတယ်။

(၃) ဂျပန်လူမျိုးတွေက ဘာကို စားတယ်ဆိုတာသာမက ဘယ်လိုစားတယ်ဆိုတာကိုလည်း အလေး ထားကြပါတယ်။ နေ့စဉ်တူညီတဲ့အချိန်တွေမှာ မနက်စာ၊ နေ့လယ်စာနဲ့ ညစာကို စားလေ့ရှိကြပါတယ်။

(၄) ဂျပန်လူမျိုးတွေက ဒေသထွက်အစာတွေကို အခြေခံစားသောက်ကြပြီး ထမင်း ဒါမှမဟုတ် ငါးလို အစာတွေကိုလည်း စားလေ့ရှိကြပါတယ်။

(၅) ဂျပန်လူမျိုးတွေ စားလေ့ရှိတဲ့ အစာတိုင်း မှာ အစာအုပ်စုအသီးသီးက အစာတွေပါဝင်ပြီး မျှတကောင်းမွန်ပါတယ်။ ဥပမာအားဖြင့် ထမင်း၊ အသား၊ ငါး၊ မီဆိုစွပ်ပြုတ်၊ နွားနို့တစ်ဖန်ခွက်၊ သစ်သီးတစ်လုံးပါဝင်ပါတယ်။

(၆) ဂျပန်လူမျိုးတွေကို မူလတန်းကတည်းက အာဟာရပြည့်ဝဖို့ ပြင်ဆင်ကျွေးမွေးကြပါတယ်။ နေ့လယ်စာစားချိန်မှာ ကျောင်းသားတွေက အလျင်စလို စားစရာမလိုဘဲ အေးအေးဆေးဆေးစားပြီး ထမင်းစားပွဲကို သူတို့ဘာသာ သန့်ရှင်းရေး လုပ်ရပါတယ်။

(၇) ဂျပန်လူမျိုးတွေဟာ စားတဲ့ အစာကရတဲ့ ကယ်လိုရီနဲ့ တစ်နေ့တာ ကုန်ဆုံးလိုက်တဲ့ ကယ်လိုရီ အကြား မျှတအောင် ကြိုးစားကြပါတယ်။ မတူညီတဲ့ လှုပ်ရှားမှုအမျိုးမျိုး ပြုလုပ်ရင်း စားသမျှ ကယ်လိုရီ ကုန်ဆုံးအောင် အားထုတ်ကြပါတယ်။

(၈) အဆင်သင့်အစာတွေကို ရှောင်ပြီး လတ်ဆတ်တဲ့ အစားအသောက်တွေကို အဓိက စားလေ့ ရှိကြပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top