Healthy Life Ad
Q & A

ကလေးလိုချင်လို့ပါ . . .

မေး ။ သမီးအသက် ၂၅နှစ်ပါ၊ အိမ်ထောင်ကျတာ ၅ လရှိပါပြီ။ အခု ကလေးလိုချင်လို့ပါရှင်။ ပထမ ၁လ ကို ဆေးကတ်သောက်ပါတယ်၊ ရာသီလာပါတယ် ဆရာ။ ဒုတိယ ၁လကို ၃လခံတားဆေး ထိုးလိုက်ပါတယ်ဆရာ။ ထိုးလိုက်တဲ့ ၁၂ပတ်အတွင်း ရာသီလုံးဝ မလာပါဘူးဆရာ။ ပြည့်သွားပြီး အခု ၁လခွဲကြာမှာ ရာသီလို သွေးညိုအခဲနည်းနည်းဆင်းတာ ၃ရက်ရှိပါပြီ ဆရာ။ ခါးကိုက်တာ၊ ဆီးစပ်နာတာတော့ ဖြစ်ပါတယ်ဆရာ။ သွေးညိုဆင်းတာ နည်းနည်းလေးပါပဲ။ အဲဒါ အမျိုးသားနဲ့ အတူနေရင် ကလေးရနိုင်မလား သိချင်လို့ပါဆရာ။
Lwin Lwin (FB)

ဒေါက်တာစိုးလွင်(သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။
ဖြေ ။ ၃လခံထိုးဆေးက ရာသီတွေ မလာတာ မမှန်တာတွေ၊ ရပ်လိုက်ရင် ချက်ချင်း ကလေးမရတတ်တာတွေ ဖြစ်တတ်ပါတယ်။ ၆လလောက်တော့ စောင့်ရတတ်တယ်။ နေ့စဉ် ဖောလစ်အက်ဆစ် ၁လုံး မှန်မှန် သောက်ပါ။ တစ်ပတ်ကို ၂-၃ကြိမ် အတူတူနေပါ။ ကလေးရမှာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top