Healthy Life Ad
Q & A

ဆေးသောက်ပြီး အန်ခြင်း . . .

မေး ။ ဆေးသောက်တဲ့အခါ အခန့်မသင့်လို အန်တာမျိုးဖြစ်တတ်ပါသလား ဆရာ။
Yu Yu (FB)

ပါမောက္ခဦးအေးမွန်(ခွဲစိတ်ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည် ။
ဖြေ ။ ဆေးတွေကြောင့် အန်တတ်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေကြောင့် အန်တာမျိုးလည်း ရှိပါတယ်။ တခြားဆေးတွေဖြစ်တဲ့ မြန်မာဆေးတွေ၊ ကိုယ်နဲ့မတည့်တဲ့ ဆေးတွေကြောင့် အန်တာမျိုးလည်း ရှိပါတယ်။ သိပ်ပြီးအန်တာများရင် သွေးကြောပေါက်ပြီး သွေးအနည်းငယ်ပါတတ်ပါတယ်။
အစားအသောက်မှားလို့ အန်တယ်ဆိုရင်တော့ တစ်ရက်တလေလောက် မအီမသာဖြစ်ပြီးရင် သက်သာသွားတတ်ပါတယ်။ ဒါပေမဲ့ အန်တာနဲ့အတူ ဗိုက်အောင့်တာ၊ အန်တာနဲ့ ပိန်ချုံးသွားတာ၊ အန်တာနဲ့ အတူ ဖျားတာတွေဖြစ်ရင်တော့ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသွားပြီး ပြသသင့်ပါတယ်။ လမ်းဘေးစာတွေ စားမိလို့ အန်တာ၊ အစာမာမာကြမ်းကြမ်းတွေ စားမိလို့ အန်တာဆိုရင်တော့ အလိုလို ပြန်ကောင်းသွားနိုင်ပါတယ်။ အဲဒီလို မဟုတ်ဘဲ ပိုပြီး အန်လာတယ်၊ ဗိုက်လည်း အောင့်လာတယ်၊ ဖျားတယ်၊ ပိန်တယ်၊ ဝေဒနာပိုဆိုးလာတယ်ဆိုရင်တော့ ဆေးရုံ၊ ဆေးခန်းကိုသွားပြသင့်ပါတယ်လို့ အကြံပြုချင်ပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top