Healthy Life Ad
Health Tips

ကိုယ်ဝန်ဆောင်ချိန်နှင့်အိပ်စက်မှု

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ကိုယ်ဝန်ဆောင်ချိန်အတွင်း အိပ်ချိန် ဘယ်လောက်လိုအပ်သလဲ။
ကိုယ်ဝန်ဆောင်ချိန်အတွင်း အမျိုးသမီးတွေက ခါတိုင်းထက် အိပ်ချိန်ပိုလိုအပ်ပါတယ်။ နေ့ဘက်မှာတစ်ရေးအိပ်ပေးဖို့လည်း လိုပါတယ်။

ကိုယ်ဝန်ဆောင်တာက အိပ်စက်မှုအပေါ် သက်ရောက်မှုရှိနိုင်သလား။
ကိုယ်ဝန်ဆောင်ချိန် ဒုတိယသုံးလပတ်အတွင်း အိပ်စက်ရတာကောင်းပါတယ်။ ဒီအချိန်မှာ ကိုယ်ဝန်ဆောင်ကာစလို ပျို့ချင်အန်ချင် ဖြစ်တာ၊ ဆီးမကြာခဏသွားချင်တာတွေ မဖြစ်တော့တဲ့အတွက် အိပ်လို့ ကောင်းလာတတ်ပါတယ်။ ကိုယ်ဝန်ဆောင်နောက်ဆုံး သုံးလပတ်မှာတော့ ကလေးလှုပ်တာ၊ ရင်ပူတာတွေကြောင့် အိပ်ရတာ အခက်အခဲရှိတတ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လိုအနေအထား နဲ့အိပ်စက်သင့်ပါသလဲ။
ကိုယ်ဝန်ဆောင်ချိန်မှာ ဘေးတစောင်း အိပ်စက်တာ အသင့်တော်ဆုံးပါ။ အကောင်းဆုံး အိပ်စက်မှုပုံစံက ဘယ်ဘက်စောင်းပြီး အိပ်တဲ့ပုံစံပါ။ ဘယ်ဘက်စောင်းအိပ်ရင် သွေးနဲ့ အာဟာရဓာတ်တွေက အချင်းကနေ သင့်ကလေးဆီ ရောက်ရှိမှုမြင့်မားလာပါတယ်။

ကိုယ်ဝန်ဆောင်ချိန် ကောင်းကောင်းအိပ်ပျော်စေဖို့ ဘာတွေကို စားသင့်သလဲ။
ကိုယ်ဝန်ဆောင်ချိန်မှာ ကယ်လိုရီနည်းပြီး အမျှင်ဓာတ်များတဲ့ အစာ၊ ဗီတာမင်နဲ့သတ္တုဓာတ်များတဲ့ အစာတွေကို စားပေးပါ။ ပရိုတင်းကောင်းကောင်းပါအောင်စားပေးရင် ကလေးကြီးထွားမှုကို ထောက်ပံ့ပေးပါတယ်။ ပရိုတင်းပါဝင်မှုများတဲ့ အစာတွေက အသား၊ ငါး၊ ဥအမျိုးမျိုး၊ ပဲသီး၊ တိုဟူး၊ ချိစ်၊ နွားနို့၊ အခွံမာသီးနဲ့ အစေ့အဆန် တွေဖြစ်ပါတယ်။ ဒီအစားအသောက်တွေက ကိုယ်ဝန်ဆောင်ချိန် ကောင်းကောင်းအိပ်ပျော်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top