Healthy Life Ad
Q & A

ဆီးချိုရောဂါရှိသူ ဝမ်းလျှော/ဝမ်းပျက်တဲ့အခါ . . .

မေး. ဆီးချိုရောဂါရှင်များ ဝမ်းလျှော/ဝမ်းပျက်ရင် ဓာတ်ဆားရည် သောက်လို့ရမလား ခင်ဗျာ။
Ko Ko (FB)

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ဆီးချိုရောဂါရှိသူ ဝမ်းလျှောတဲ့ပမာဏ ဘယ်လောက်များသလဲဆိုတာပေါ် မူတည်ပါတယ်။ နောက်တစ်ခုက သွေးအချိုဓာတ် ပမာဏပေါ်မှာလည်း မူတည်ပါတယ်။ သွေးအချိုဓာတ်ကိုလည်း ပုံမှန်ထိန်းသိမ်းထားနိုင်တယ်၊ ဝမ်းလျှောတဲ့ ပမာဏကလည်း များတယ်ဆိုရင် ဓာတ်ဆားရည် သင့်ရုံသောက်ပေးလို့ရပါတယ်။ ဓာတ်ဆားရည်မှာတော့ သွေးတွင်းသကြားဓာတ်နဲ့ညီမျှတဲ့ အချိုဓာတ်အနည်းငယ် ပါဝင်ပါတယ်။ အဓိက ဓာတ်ဆားရည်သောက်ပေးရတဲ့ ရည်ရွယ်ချက်က ဝမ်းပျက်ဝမ်းလျှောလို့ ဆုံးရှုံးသွားတဲ့ ရေနဲ့ဆားဓာတ်ကို ပြန်ဖြည့်ပေးတာပါ။ ဒါကြောင့် ဝမ်းပျက်တာများတယ်ဆိုရင် ဓာတ်ဆားရည်သောက်လို့ရပါတယ်။ နည်းတယ်ဆိုရင်တော့ ရိုးရိုးအိမ်သုံးဆားကို ပိုစားပေးလို့ ရပါတယ်။ Salt Tablet (ဆိုဒီယမ်နဲ့ ကလိုရိုက်နှစ်မျိုးပါ)နဲ့ ရေဖြည့်ပေးလို့လည်း ရပါတယ်။ ဝမ်းသွားရာက ဆုံးရှုံးတဲ့ ရေနဲ့ ဓာတ်ဆားပမာဏနဲ့ သွေးအချိုဓာတ် ထိန်းနိုင်စွမ်းပေါ် မူတည်ပြီး ဓာတ်ဆားရည်သောက်ရမှာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top