Healthy Life Ad
International

ရောဂါဆိုတာ တိုက်ဖို့ဟု ဆုံးဖြတ်ခဲ့ပြီး ပြန်ရည်ကျိတ်ကင်ဆာကို အနိုင်တိုက်ခဲ့သူ ကုမ္ပဏီဒါရိုက်တာ

၊ ကိုထက် ၊
ချောမောလှပတဲ့ ၃၂နှစ်အရွယ် ကုမ္ပဏီဒါရိုက်တာနေလာက ရှားပါးတဲ့ ဟော့ဒ်ကင်းလင်ဖိုးမားကင်ဆာကို အနိုင်တိုက်နိုင်ခဲ့သူဖြစ်ပါတယ်။ကလေးတွေကို ပြုစုပျိုးထောင်ရင်း၊ အလုပ်လုပ်ရင်း တုပ်ကွေးလို လက္ခဏာမျိုးကို ရှစ်ပတ်ကြာ ခံစားခဲ့ရပြီးတဲ့နောက် ပြန်ရည်ကြောစနစ်ကင်ဆာတစ်မျိုးဖြစ်နေကြောင်း ပြီးခဲ့တဲ့နှစ် သြဂုတ်လက သိခဲ့ရတဲ့ ကလေးနှစ်ဦးမိခင် နေလာက “သေဆုံးဖို့ဆိုတာရွေးချယ်စရာမဟုတ်၊ ရောဂါဆိုတာ အနိုင်တိုက်ဖို့”ဆိုတဲ့စိတ်ဓာတ်နဲ့ ကုသမှုခံယူခဲ့သူဖြစ်ပါတယ်။

ဂရိတ်တာ မန်ချက်စတာမှာ ကုသမှုခံယူခဲ့တဲ့ နေလာက ကင်ဆာဆေးသွင်းစဉ်အတွင်း ဆံပင်ကျွတ်တာ၊ လက်တွေနဲ့ ခေါင်းကို ဖိအုပ်ထားရတာ၊ အိပ်ရာထဲမှာ ပင်ပန်းနွမ်းနယ်စွာ လဲလျောင်းနေရတာ စတဲ့ပုံတွေကို အခုအခါမှာ ထုတ်ဖော်ပြသခဲ့ပါတယ်။

“ဒီလို စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ဆေးကုသမှု ခံယူပြီးချိန်မှာ တစ်နေ့ကျတော့ ကင်ဆာဌာနက ဖုန်းကောတစ်ခုလက်ခံရရှိခဲ့ပါတယ်။ ကျွန်မမှာ ကင်ဆာဆဲလ်ကင်းစင်သွားပြီဖြစ်တဲ့အကြောင်း၊ နောက်ထပ်ကုသမှုလည်း မလိုအပ်တော့ဘဲ အသက်ရှင်နေထိုင်နိုင်ပြီဖြစ်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်”လို့ နေလာက ဆိုပါတယ်။
နေလာဟာအခုဆိုရင် သူရဲ့ကင်ဆာတွန်းလှန်မှုအကြောင်းကို အွန်လိုင်းကနေမျှဝေခဲ့ပါတယ်။တူညီတဲ့ စကားကို အကြိမ်ပေါင်း ရာနဲ့ချီပြီး မပြောချင်တာကြောင့် အင်စတာဂရမ်မှာ တင်လိုက်ပါတယ်။

“ကင်ဆာကုသနေစဉ်မှာတော့ ညအိပ်ရာဝင်တဲ့အခါ မနက်မိုးလင်းလို့ ငါနိုးမလာရင်ဘာဖြစ်မလဲ၊ ကလေးတွေက မိခင်မရှိဘဲ ကျန်ခဲ့ရင် ဘာဖြစ်မလဲ ဆိုပြီး စိတ်ပူမိပါတယ်။ ဒါပေမဲ့ သေဆုံးခြင်းက ကျွန်မရဲ့ ရွေးချယ်မှုမဟုတ်ဘူးဆိုပြီး စိတ်ကို အခိုင်မာဆုံးဖြစ်အောင် ထားလိုက်ပါတယ်။ ဒါက တော်တော်အလုပ်ဖြစ်တဲ့နည်းပါ”လို့ နေလာက ဆိုပါတယ်။အခုအခါမှာတော့ ချောမောလှပတဲ့ ကုမ္ပဏီ ဒါရိုက်တာ ကလေးနှစ်ဦးမိခင် နေလာက ကင်ဆာ ဆဲလ်ကင်းရှင်းစွာနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ပြီ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top