Healthy Life Ad
Q & A

ကိုယ်ဝန်ပျက်ပြီး သွေးဆင်းခြင်း

မေး. ညီမက သိပ်မကြာသေးခင်က ကိုယ်ဝန်တစ်လကျော်နဲ့ ပျက်ကျသွားခဲ့ပါတယ်ရှင်။ ပျက်ကျပြီးကတည်းက သွေးက တစ်ပတ်လောက်ကောင်းကောင်းဆင်းပြီး ပြီးသွားပြီထင်ခဲ့တာ။ အခုထိ တစ်စက်စက်နဲ့ လာလိုက် တစ်ရက်လောက်မလာလိုက်၊ ပြန်လာလိုက်နဲ့ ဖြစ်နေပါတယ်ရှင်။ ဒါဟာ ဖြစ်တတ်ပါသလား ဒါမှမဟုတ်စိုးရိမ်ရပါသလား။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဦးရှင်။
Pann Pann Pann(FB)

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ကိုယ်ဝန်ပျက်တဲ့အခါ Complete Abortion နဲ့ Incomplete Abortion ဆိုပြီးရှိပါတယ်။ Complete Abortion ဆိုတာတော့ ရှိသမျှ သန္ဓေသား၊ အချင်း စတာတွေ အကုန်ပျက်ကျသွားတယ်ဆိုရင် လုံးဝရှင်းသွားတယ်။ နောက်ဆက်တွဲ ပြဿနာသိပ်မရှိဘူး။ ကိုယ်ဝန်ပျက်ကျပြီးမှ ဗိုက်နာတာ၊ သွေးဆင်းတာတို့ဖြစ်ရင်တော့ ဆရာတို့က နှစ်မျိုးစဉ်းစားပါတယ်။

(၁) Complete Abortion အကုန်လုံးတော့ ဆင်းသွားပါရဲ့၊ ပိုးများဝင်သွားသလား၊ ဒါကြောင့် သွေးဆင်းနေတာလား။

(၂) Incomplete Abortion ဖြစ်ပြီး အကုန်လုံးမဆင်းဘဲ တစ်ပိုင်းတစ သားအိမ်ထဲ ကျန်ခဲ့သလား၊ ဒါကြောင့် သွေးဆက်ဆင်းနေတာလား။

ဒါကြောင့် ဘာပဲဖြစ်ဖြစ် ပေါ့ပေါ့ဆဆ မထားသင့်ပါဘူး။ သားဖွားမီးယပ်အထူးကု ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ကုသသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top