Healthy Life Ad
Health Tips

ကင်ဆာရောဂါ ထိရောက်စွာကာကွယ်ပါ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ကင်ဆာရောဂါ ကာကွယ်နိုင်ဖို့ လိုက်နာသင့်တဲ့နည်းလမ်းကောင်း ၁၀ ကို မျှဝေချင်ပါတယ်။

(၁) အပင်ထွက်အစာတွေကို အဓိကစားသုံးဖို့ ဖြစ်ပါတယ်။ ဥပမာ- ဟင်းသီးဟင်းရွက်၊ သစ်သီး၊ နှံစားသီးနှံနဲ့ ပဲအမျိုးမျိုးတို့ဖြစ်ပါတယ်။ အသီးအနှံတွေမှာ အမျှင်ဓာတ်ပါသလို အင်တီအောက်ဆီးဒင့်လည်း ပါဝင်ပါတယ်။

(၂) ကယ်လိုရီများတဲ့ အစာ၊ အဆီအအိမ့်များတဲ့အစာနဲ့ အချိုရည်တွေကို တတ်နိုင်သမျှ လိုအပ်တဲ့ပမာဏလောက်ပဲ စားသုံးသင့်ပါတယ်။

(၃) တိရစ္ဆာန်ထွက်အဆီတွေကို အလွန်အကျွံစားသုံးမှုမှ ရှောင်ကြဉ်သင့်ပါတယ်။

(၄) အရက်ကို မသောက်ဘဲနေနိုင်ရင် အကောင်းဆုံးပါ။ တကယ်လို့ အရက်ကို မသောက်ရမနေနိုင်လို့ သောက်တယ်ဆိုရင် အမျိုးသားတွေက တစ်နေ့ နှစ်ပက်ထက်၊ အမျိုးသမီးတွေက တစ်နေ့ တစ်ပက်ထက် ပိုမသောက်သင့်ပါဘူး။

(၅) ပြုပြင်ပြောင်းလဲထားတဲ့ တာရှည်ခံ အသင့်စားသုံးနိုင်တဲ့ အစာတွေ (Processed Foods)တွေကို အကန့်အသတ်နဲ့ စားသင့်ပါတယ်။ ဥပမာ- ဆားရည်စိမ်ထားတဲ့ စည်သွပ်ဘူး၊ ငါးခြောက် စတာတွေဖြစ်ပါတယ်။

(၆) လေ့ကျင့်ခန်း အသင့်အတင့်လုပ်ဆောင်ပါ။

(၇) ကလေးမွေးထားတဲ့ မိခင်တွေအနေနဲ့ မိခင်နို့ချိုတစ်မျိုးတည်းကို ကလေးအသက်ခြောက်လအရွယ်အထိ တိုက်ကျွေးသင့်ပါတယ်။

(၈) ကွမ်းယာ၊ ဆေးလိပ်နဲ့ မူးယစ်ဆေးဝါးတွေကို ဆင်ခြင်ပါ။

(၉) ဒါ့အပြင် ကင်ဆာရောဂါဖြစ်ပွားမှုကို အားပေးတဲ့ ကင်ဆာဖြစ်စေတဲ့ ဓာတ် (Carcinogens)တွေပါတဲ့ ဆေးဆိုးထားတဲ့ ငရုတ်ဆီ၊ လက်လုပ်ချဉ်၊ အခြောက်အခြမ်းတွေ၊ အချဉ်ပေါင်းထုပ်၊ မှိုတက်နေတဲ့ Aflatoxin ပါတဲ့ ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့်တွေကို ရှောင်ဖို့လိုပါတယ်။

(၁၀) နောက်ဆုံးအနေနဲ့ ကင်ဆာရောဂါကို တွန်းလှန်နိုင်တဲ့ အစားအစာတွေကို ရွေးချယ်စားသုံးတဲ့အပြင် အစားအစာတွေကို ပြင်ဆင်ချက်ပြုတ်တဲ့အခါမှာလည်း ကျန်းမာရေးနဲ့ ညီညွတ်မှုရှိအောင် သန့်ရှင်းရေးကို အလေးထားပြီး ချက်ပြုတ်စားသောက်ဖို့ လိုအပ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top