Healthy Life Ad
Health Tips

နှမ်းစားခြင်းဖြင့် သင့်ကျန်းမာရေးအဆင့်မြှင့်တင်ပါ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

နှမ်းစေ့ကို ရှေးကတည်းက စားသုံးမှုမြင့်မားကြပါတယ်။ နှမ်းစေ့မှာ အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိရှိတာကြောင့် အိုမင်းမှုကို ဟန့်တားနိုင်ပါတယ်။ ဒါ့အပြင် အိုမီဂါ၃ ဖက်တီးအက်စစ်ပါဝင်တဲ့အတွက် ဆံပင်သား သန်စွမ်းစေပါတယ်။ နှမ်းစေ့၊ နှမ်းဆီစတာတွေကို စားသုံးတာကြောင့် အောက်ပါကျန်းမာရေး ကောင်းကျိုးတွေကို ရရှိစေပါတယ်။

– အသားအရေကြည်လင်ပြီး အရေပြားအနာကျက်စေပါတယ်

နှမ်းစေ့စားတဲ့အတွက် အသားအရေ နွေးထွေးစိုပြည်စေပါတယ်။ ရောင်ရမ်းမှုကျစေတဲ့ အစွမ်းသတ္တိပါဝင်မှုများတာကြောင့် မျက်နှာအသားအရေပြဿနာတွေကို သက်သာစေပါတယ်။ အရေပြား ပိုးဝင်တာနဲ့ အရေပြား နီမြန်းတာတွေကိုလည်း ပျောက်ကင်းစေပါတယ်။ သံလွင်ဆီ ထမင်းစားဇွန်းတစ်ဇွန်းထဲ ကြိတ်ထားတဲ့ နှမ်းစေ့ ထမင်းစားဇွန်းနှစ်ဇွန်းရောထည့်ကာ မျက်နှာမှာ သုတ်လိမ်းပါ။ တစ်ပတ်မှာတစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်လောက်ပြုလုပ်ပေးရပါမယ်။

– ဆံပင်သား သန်စွမ်းအားကောင်းစေပါတယ်

နှမ်းစေ့မှာ အိုမီဂါ၃ဖက်တီးအက်စစ်ပါဝင်မှု များတာကြောင့် ဆံပင်အရင်းကိုသာမက ဆံပင်သားကိုလည်း သန်စွမ်းကြီးထွားစေပါတယ်။ ဦးရေပြားကို အာဟာရဓာတ်ဖြည့်တင်းပေးတဲ့အပြင် ဆံချည်မျှင်အိတ်တွေထဲ သွေးလှည့်ပတ်မှုကောင်းမွန်စေပါတယ်။ ရှားစောင်းလက်ပပ်အနှစ် ထမင်းစားဇွန်း တစ်ဇွန်းထဲ နှမ်းဆီ လက်ဖက်စားဇွန်း နှစ်ဇွန်းထည့်ပြီး မွှေပါ။ ပြီးရင် ဦးရေပြားအနှံ့ သုတ်လိမ်းကာ စက်ဝိုင်းပုံအတိုင်း ညင်ညင်သာသာ နှိပ်ပေးပါ။ နောက်ဆုံးမှာ ဓာတုပစ္စည်းမပါတဲ့ ရှမ်ပူနဲ့ လျှော်ချလိုက်ပါ။

– သွားနဲ့ခံတွင်း ကျန်းမာစေပါတယ်

နှမ်းစေ့မှာ အဆီပါဝင်မှုများတဲ့အတွက် သွားချေးဖတ်တွေကို ကင်းစင်စေပြီး ခံတွင်းကျန်းမာရေး ကောင်းမွန်စေပါတယ်။ နှမ်းစေ့စားရင် ဝမ်းချုပ်တာကို သက်သာစေတဲ့အတွက် အစာခြေလမ်းကြောင်း ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

– ဆီးချိုနဲ့ သွေးတိုးထိန်းပေးပါတယ်

နှမ်းစေ့မှာ မဂ္ဂနီဆီယမ်ပါတဲ့အတွက် ဂလူးကို့စ်နဲ့ အင်ဆူလင်အဆင့်ကို ထိန်းပေးပြီး ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ မဂ္ဂနီဆီယမ်ပါဝင်မှုများတာကြောင့် သွေးတိုးထိန်းပေးရာလည်း ရောက်ပါတယ်။

– ကင်ဆာကုသနေသူတွေအတွက် သင့်တော်ပါတယ်

နှမ်းစေ့ဟာ ဓာတ်ရောင်ခြည် ကုထုံး ခံယူနေရသူကင်ဆာဝေဒနာရှင်တွေအတွက် အထူးသင့်တော်ပါတယ်။

– ရောင်ရမ်းမှု သက်သာစေပါတယ်

နှမ်းစေ့စားရင် အဆစ်၊ အရိုးနဲ့ ကြွက်သားရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ အိုမင်းမှုဟန့်တားတဲ့ အစွမ်းရှိတာကြောင့် ဆံပင်ကို အားဖြည့်ပြီး ဆံပင်မဖြူအောင် ကာကွယ်ပေးပါတယ်။

– ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ကာကွယ်ပေးပါတယ်

နှမ်းစေ့မှာ အိုမင်းမှုတားအစွမ်းရှိတဲ့အတွက် အသားအရေနုပျိုစေပြီး နေရောင်ခြည်မှ ခရမ်းလွန်ရောင်ခြည်ဒဏ် မကျရောက်အောင် အသားအရေကို ကာကွယ်ပေးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top