Healthy Life Ad
Life Style

စွန့်ဦးတီထွင်အောင်မြင်သူ အမျိုးသမီးတို့၏ အကျင့်ကောင်း ၁၀ ရပ်

၊ ငွေကြယ်စင်ယံ ၊

(၁) တစ်ကိုယ်ရေ အားသာချက်ရှာဖွေခြင်း
စွန့်ဦးတီထွင်အောင်မြင်တဲ့ အမျိုးသမီးတွေက ကိုယ်ရဲ့အားသာချက်ကို သိနားလည်ပြီး အဲဒါကိုတန်ဖိုးထား ကြိုးစားကြပါတယ်။ တခြားသူတွေကိုလည်း တတ်နိုင်သမျှ ကူညီကြပါတယ်။

(၂) အချိန်ဇယား ချမှတ်ခြင်း
စွန့်ဦးတီထွင်အောင်မြင်တဲ့ အမျိုးသမီးတွေ က နေ့စဉ်အချိန်ဇယားချမှတ်ပြီး အဲဒါအတိုင်း အလေးထား ဆောင်ရွက်တတ်ပါတယ်။

(၃) ဦးစားပေးခြင်း
စွန့်ဦးတီထွင်အောင်မြင်တဲ့ အမျိုးသမီးတွေက အလုပ်ဘယ်လောက်များများ ဦးစားပေးရမယ့် အလုပ်ကို အာရုံစိုက်လုပ်ဆောင်ရင်း စိတ်ဖိစီးမှုမများအောင် ကိုင်တွယ်ဖြေရှင်းတတ်သူပါ။

(၄) ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်း
စွန့်ဦးတီထွင်အောင်မြင်တဲ့ အမျိုးသမီးတွေက သူ့စိတ်နဲ့ခန္ဓာကိုယ်ကို အလေးထားဂရုစိုက်ဖို့ ပုံမှန်အချိန်ပေးပါတယ်။

(၅) အလေးထားခြင်း
စွန့်ဦးတီထွင်အောင်မြင်တဲ့ အမျိုးသမီးတွေက တရားထိုင်ချိန်၊ စာဖတ်ချိန်၊ ကိုယ့်ကိုယ်ကိုယ် ပညာတိုးတက်အောင်သင်ယူချိန်စသဖြင့် အလေးထားရမယ့်အရာမှန်သမျှ အလေးထားလုပ်ဆောင်တတ်ပါတယ်။

(၆) အနားယူခြင်း
စွန့်ဦးတီထွင်အောင်မြင်တဲ့ အမျိုးသမီးတွေက စိတ်ပိုင်း၊ ရုပ်ပိုင်းနဲ့ ခံစားမှုပိုင်း အနားရစေဖို့ အိပ်ရေးဝ၀ အိပ်စက်တတ်သူပါ။

(၇) အဖြေရှာခြင်း
စွန့်ဦးတီထွင်အောင်မြင်တဲ့ အမျိုးသမီးတွေက ပြဿနာ၊ အခက်အခဲတစ်စုံတစ်ရာ ကြုံတွေ့လာရင် ရဲရဲဝံ့ဝံ့ဖြေရှင်းတတ်သူပါ။

(၈) ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိခြင်း
စွန့်ဦးတီထွင်အောင်မြင်တဲ့ အမျိုးသမီးတွေ က စိန်ခေါ်မှုတိုင်းကို ယုံကြည်မှုရှိရှိ ဖြေရှင်းတတ်ပါတယ်။

(၉) ရင်းနှီးမြှုပ်နှံခြင်း
စွန့်ဦးတီထွင်အောင်မြင်တဲ့ အမျိုးသမီးတွေက ဘယ်နေရာမှာ ဘယ်လောက် ရင်းနှီးမြှုပ်နှံသင့်သလဲ၊ ဘာတွေကို ထပ်မံချဲ့ထွင်သင့်သလဲဆိုတာ အမြဲနားလည်သဘောပေါက်တတ်ပါတယ်။

(၁၀) ပေါင်းသင်းဆက်ဆံရေး နယ်ပယ်ချဲ့ထွင်ခြင်း
စွန့်ဦးတီထွင်အောင်မြင်တဲ့ အမျိုးသမီးတွေက ယှဉ်ပြိုင်ရမှာကို မကြောက်ရွံ့ဘဲ တခြားသူတွေ နဲ့ဆက်ဆံရေးနယ်ပယ်ကို ချဲ့ထွင်တတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top