Healthy Life Ad
Men

ကိုယ်ဝန်ဆောင်ချိန်တွင် အကြောပြတ်ခြင်းကို ကာကွယ်နိုင်ရန်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ကိုယ်အလေးချိန် မြင့်တက်တာ၊ ရုတ်တရက် လျော့ကျတာ၊ သန္ဓေသားကြီးထွားတာနဲ့ ဆွဲဆန့်လေ့ကျင့်ခန်းတွေ ပြုလုပ်တာကြောင့် အရေပြားမှာ အကြောပြတ်ရာတွေ ဖြစ်တတ်ပါတယ်။ အကြောပြတ်ရာက ကိုယ်ဝန်ဆောင်ချိန်မှာ အဖြစ်အများဆုံးပါ။ ကိုယ်ဝန်ဆောင်စဉ်မှာ ဗိုက်ထဲက သန္ဓေသားဟာ တဖြည်းဖြည်း ကြီးထွားလာတဲ့အတွက် အကြောပြတ်ရာတွေ ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။ အကြောပြတ်ရာတွေ မဖြစ်အောင် ကာကွယ်နိုင်ဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

ဗီတာမင်အီး
အရေပြားတင်းအားကို ကောင်းမွန်အောင် ပြုလုပ်ရင်း အကြောပြတ်ရာ မဖြစ်အောင် ကာကွယ်နိုင်ဖို့ ဗီတာမင်အီးကို သုံးပါ။ ဗီတာမင်အီးကို ဆေးတောင့်အဖြစ် မှီဝဲနိုင်သလို လိုးရှင်းအဖြစ်၊ အဆီအဖြစ်အရေပြားပေါ် သုတ်လိမ်းနိုင်ပါတယ်။ ၁၀ဝ ရာ ခိုင်နှုန်းစစ်မှန်တဲ့ ဗီတာမင်အီးကို လိမ်းတာ အကောင်းဆုံးပါ။

အုန်းဆီ
အုန်းဆီက အကြောပြတ်ရာကို ကာကွယ်ပေးတဲ့ အဆီအဖြစ်လူသိများကြပါတယ်။ ဗီတာမင်အီးလိုပဲ အုန်းဆီဟာ အသားအရေကို အားဖြည့်ပေးပြီး အစိုဓာတ်ထိန်းပေးတဲ့အပြင် အရေပြားတင်းအားကိုကောင်းမွန်စေပါတယ်။ အုန်းဆီထဲကို လက်ဖက်ဆီအစက်အနည်းငယ်ထည့်ပြီးလိမ်းရင် အာနိသင် ပိုကောင်းပါတယ်။

ကော်ဖီစေ့
ကော်ဖီစေ့မှုန့်တွေကလည်း အကြောပြတ်ရာ မဖြစ်အောင်ကာကွယ်ကုသပေးနိုင်ပါတယ် ကော်ဖီမှုန့်ကိုရှားစောင်းလက်ပပ်အနှစ် ဒါမှမဟုတ် သံလွင်ဆီရောပြီး အကြောပြတ်ရာဖြစ်နေတဲ့ အရေပြားကိုလိမ်းပါ။ တစ်နေ့ မိနစ် ၂၀ ခန့်ထားပြီးမှ ကြက်သီးနွေးရေနဲ့ ညင်ညင်သာသာ ဆေးကြောပေးရပါမယ်။

ကြက်ဆူဆီ
ကြက်ဆူဆီဟာအကြောပြတ်ရာကို ကာကွယ်ကုသပေးနိုင်တဲ့ အဆီဖြစ်ပါတယ်။ အကြောပြတ်ရာ ဖြစ်နေတဲ့ အရေပြားမှာကြက်ဆူဆီကို လိမ်းပြီး နှိပ်နယ်ပေးပါ။ အဆီက ပျစ်လွန်းရင် သံလွင်ဆီရော ထည့်ပြီး ကျဲအောင်လုပ်ကာလိမ်းပေးပါ။ နှိပ်နယ် ပြီး ၁၀-၂၀ မိနစ်ကြာထားလိုက်ရင် အရေပြားထဲကို အဆီထိုးဖောက်ဝင်ရောက်သွားစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top