Healthy Life Ad
International

ကြွက်သားရှိပြီး ကျစ်လျစ်သော အမျိုးသမီးများက သွယ်လျသော အမျိုးသမီးများထက် ပိုမိုဆွဲဆောင်မှုရှိဟု ထင်မြင်လာကြ

၊ ကိုထက် ၊

သန်စွမ်းကြံ့ခိုင်ပြီး ကြွက်သားရှိတဲ့ အမျိုးသမီး ခန္ဓာကိုယ်ပိုင်ရှင်တွေက သွယ်လျတဲ့အမျိုးသမီးတွေထက် ပိုမိုဆွဲဆောင်မှုရှိတယ်လို့ အခုအခါ လက်ခံလာကြကြောင်း လေ့လာမှုအသစ်က ဆိုပါတယ်။

မစ်ဆိုရီကန်စပ်မြို့နယ်တက္ကသိုလ်က ဦးဆောင်ပြုလုပ်တဲ့ လေ့လာမှုအရ တက္ကသိုလ်ကျောင်းသူ ၇၈ ဦးရဲ့ခန္ဓာကိုယ်အလှဓာတ်ပုံတွေကို ပြသခဲ့ပါတယ်။ အဲဒီထဲမှာ အမေရိကန်အလှမယ် ဆုရသူတွေရဲ့ ပုံတွေလည်း ပါဝင်ပါတယ်။ လေ့လာမှုရလဒ်အရ ဆွဲဆောင်မှုရှိတယ်လို့ လူအများ သတ်မှတ်တဲ့ပုံတွေဟာ သွယ်လျတဲ့ ခန္ဓာကိုယ်ပိုင်ရှင်တွေမဟုတ်ဘဲ ကြွက်သားတွေနဲ့ သန်စွမ်းကျစ်လျစ်တဲ့ အမျိုးသမီးတွေဖြစ်နေတာကို တွေ့ရှိခဲ့ရပါတယ်။

လူတွေက သွယ်လျနေတဲ့ ခန္ဓာကိုယ်ထက် သွယ်လျပြီး သန်စွမ်းကျစ်လျစ်တဲ့ ခန္ဓာကိုယ်တွေကို ပိုပြီး ဆွဲဆောင်မှုရှိတယ်လို့ သတ်မှတ်တာက ကျန်းမာရေးကောင်းမွန်မှုနဲ့ ဆက်စပ်နေလို့ ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top