Healthy Life Ad
International

သွေးစစ်ဆေးမှုအသစ်က ကင်ဆာရှစ်မျိုးကို စောစီးစွာတွေ့ရှိနိုင်

၊ ကိုထက် ၊

သွေးစစ်ဆေးနည်း အသစ်တစ်ခုက ကင်ဆာရောဂါရှစ်မျိုးကို စောစီးစွာတွေ့ရှိ နိုင်တယ်လို့ သြစတြေးလျလေ့လာမှု တစ်ခုအရ သိရပါတယ်။ အဲဒီစစ်ဆေးနည်းဟာ ကင်ဆာရောဂါမပြန့်နှံ့ခင် အစောဆုံးအဆင့်၊ လူနာတွေအသက်အန္တရာယ် မထိခိုက်ခင်အဆင့်မှာ တွေ့ရှိနိုင်မှာဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
ဒီစစ်ဆေးနည်းအသစ်က သားဥအိမ်၊ အသည်း၊ အစာအိမ်၊ ပန်ကရိယ၊ အစာရေမျိုပြွန်၊ အူမကြီး၊ အဆုတ်နဲ့ ရင်သားစတာ တွေမှာဖြစ်တတ်တဲ့ ကင်ဆာရောဂါကို အစောပိုင်း စစ်ဆေးတွေ့ရှိနိုင်တယ်လို့ သြစတြေးလျရှိ ဆေးစင်တာတက္ကသိုလ် လေ့လာသူတွေက ဆိုထားပါတယ်။

ဒီစစ်ဆေးနည်းက ကင်ဆာအကျိတ် များစွာကို တစ်ခုနည်းသော စိတ်ချရတဲ့ စစ်ဆေးနည်းဖြစ်လာဖို့ ရှိပါတယ်လို့ အဆိုပါ ဆေးစင်တာမှ တွဲဖက်ပါမောက္ခဂျင်းနီက ဆိုပါတယ်။

ပထမဆုံးအကြိမ်အနေနဲ့ ဒီစစ်ဆေး မှုပြုလုပ်ရင် စောစောစီးစီးအဆင့်မှာ ရောဂါရှာဖွေတွေ့ရှိပြီး အသက်ရှင်နှုန်း မြင့်မား လာလိမ့်မယ်လို့ သုတေသီတွေက မျှော်မှန်းထားပါတယ်။

ကင်ဆာကုသအောင်မြင်မှုနှုန်းက လူနာရဲ့ ရောဂါရှာဖွေတွေ့ရှိမှု အဆင့်နဲ့ တိုက်ရိုက်ဆက်နွှယ်မှု ရှိနေတာကြောင့် ရောဂါလက္ခဏာ မပြသခင်မှာ ဒီသွေးစစ်ဆေးမှုပြုလုပ်ရင် ပိုကောင်းမွန်တဲ့ရလဒ်ကို ရရှိစေမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီသွေးစစ်ဆေးနည်းပြုလုပ်ရင် လူနာ ၇၀ရာခိုင်နှုန်းခန့်မှာ အစောပိုင်းအဆင့် မှာ ကင်ဆာအကျိတ်ကို စစ်ဆေးတွေ့ရှိနိုင် မှာဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top