Healthy Life Ad
International

ကိုယ်တစ်ခြမ်းမလှုပ်ရှားနိုင်ဘဲ မွေးဖွားလာသော်လည်း ခရစ္စမတ်နေ့တွင် စတင်လမ်းလျှောက်နိုင်ခဲ့သည့် သမီးလေး

၊ လရိပ်မေ ၊

အေမီဟာ အသက်တစ်နှစ် မွေးနေ့အထိတောင်နေနိုင်မှာ မဟုတ်လောက်ဘူး၊ တကယ်လို့ အသက်ရှင်ခဲ့ရင်လည်း သူခံစားနေရတဲ့ နာတာရှည် အာရုံကြောရောင်ရမ်းမှုဆိုင်ရာရောဂါ (CIDP)ကြောင့် လှုပ်ရှားမှုလုပ်နိုင်တော့မှာ မဟုတ်ဘူးလို့ ဆရာဝန်တွေက အေမီရဲ့မိသားစုကို သတိပေးခဲ့ပါတယ်။ အေမီက အအေးမိဝေဒနာဖြစ်ရင် ဝေဒနာကိုတွန်းလှန်ဖို့ အားနည်းလွန်းတဲ့အတွက် သေဆုံးသွားမှာလားဆိုတာ စိတ်ပူနေခဲ့ရပြီး ဘယ်တော့မှ လမ်းမလျှောက်နိုင်ဘဲ ကိုယ်တစ်ခြမ်းသေနေမယ်လို့ မိဘတွေက ထင်ခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၁၃ ခုနစ် ဒီဇင်ဘာ ၂၅ရက်နေ့မှာ အံ့အားသင့်ဖွယ်ရာ ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ အေမီဟာ ချောကလက်ယူဖို့ သူ့အဘိုးဆီ လမ်းလျှောက်သွားခဲ့တာပါပဲ။ ဒါက အသက်ခြောက်နှစ်အရွယ်အေမီရဲ့ပထမဆုံးခြေလှမ်းတွေဖြစ်ခဲ့ပါတယ်။ “ဒါက အကောင်းဆုံး ခရစ္စမတ်လက်ဆောင်ပါပဲ”လို့ အေမီရဲ့ မိခင်ဆမ်ပါးက ဆိုပါတယ်။

အေမီရဲ့ညီမ မီယာကလည်း အလားတူရောဂါမျိုးရှိနေပြီး သူ့အစ်မလို ဆေးကုသမှုခံယူပြီးချိန်မှာ လျင်မြန်စွာတိုးတက်လာတယ်လို့ သိရပါတယ်။ အေမီက စနေနေ့တွေမှာ ကျောင်းတက်နေပြီး သူက ကခုန်တာ၊ သီချင်းဆိုတာနဲ့ ဖျော်ဖြေမှုပြုလုပ်ရတာကို သဘောကျနှစ်ခြိုက်တယ်လို့ မိခင်ဖြစ်သူက ဆိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top