Healthy Life Ad
Health Tips

သင့်အနီးအနားက လူတစ်ဦးအာ့အန်နေလျှင်

အစားအသောက်နဲ့ မတည့်တာ၊ မသန့်ရှင်းတဲ့ အစားအသောက်စားမိတာ၊ အစားအသောက်ကို အလောတကြီး စားမိတာ၊ မကျက်တဲ့ အစားအသောက်စားမိတာ စတဲ့ အခြေအနေတွေမှာ အော့အန်တဲ့ ဝေဒနာရတတ်ပါတယ်။ သင့်မိသားစုဝင်၊ သင့်မိတ်ဆွေ ဒါမှမဟုတ် သင့်အနီးအနားက လူတစ်ဦးဦး အော့အန်နေပြီဆိုရင် အောက်ပါတို့ကို လုပ်ဆောင်ပေးရပါမယ်။

– အားပေးစကားပြောပါ။

– စိတ်ချရတဲ့ ဘေးစောင်းအနေအထားမှာထားပါ။ နွေးနွေးထွေးထွေးထားပါ။

– သစ်သီးဖျော်ရည် လတ်လတ်ဆတ်ဆတ်ကို တစ်ငုံချင်းစုပ်ပြီး သောက်ခိုင်းပါ။ ဂလူးကို့စ်၊ လိမ္မော်ရည်တိုက်နိုင်ပါတယ်။

– အန်ပြီး ၂၄ နာရီအတွင်း အစာစားလိုစိတ်ဖြစ်လာရင် အစာပျော့ပျော့၊ ချိုတဲ့ အစာကျွေးပါ။ ဥပမာ ဆန်ပြုတ်၊ ခေါက်ဆွဲပြုတ်၊ ပေါင်မုန့်၊ အာလူးပြုတ် စသဖြင့်။

– အအန်မရပ်ရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း ပို့ရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top