Healthy Life Ad
Q & A

သားအိမ်ရောင်တယ်ဆိုတာ . . .

မေး. အထွထွေကုဆရာဝန်နဲ့ပြတယ်။ သားအိမ်ရောင်တယ်။ အိမ်ထောင်ကျတာသုံးလရှိပါပြီ။ စစချင်းအရမ်းနာတယ်။ အဲဒီတုန်းကလည်း သားအိမ်ရောင်တယ်လို့ပြောတယ်။ အခုလည်းရောင်တယ်။ သားအိမ်ကတော့ သိပ်မနာတော့ဘူး။ ဘာဖြစ်လို့ ဆရာဝန်ကိုမေးတော့ ပိုးဝင်လို့ပါလို့ဖြေတယ်။ ဆောင်ရန်၊ ရှောင်ရန်နဲ့ ဘာကြောင့် သားအိမ်ရောင်ခြင်းဖြစ်တာလဲဆိုတာ ပိုသိချင်ပါတယ်။
Hnin Wai (FB)

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. သားအိမ်ရောင်တယ်ဆိုတာ ဖြစ်တဲ့သူနည်းပါတယ်။ သားအိမ်ရောင်တယ်ဆိုတာ မွေးလမ်းကြောင်းထဲပိုးဝင်ပြီး ရောင်ရမ်းမှုဖြစ်စေပါတယ်။ သားအိမ်ရောင်တာမဖြစ်ဖို့ အဓိက ပိုးမဝင်အောင် နေရမှာဖြစ်ပါတယ်။ အိမ်ထောင်သည်အမျိုးသမီးတွေဆိုရင် လိင်ဆက်ဆံရာကရတဲ့ ရောဂါပိုးတွေကြောင့် ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုကတော့ မွေးလမ်းကြောင်း၊ ဆီးလမ်းကြောင်း၊ ဝမ်းလမ်းကြောင်းက ကပ်နေတဲ့အခါကျတော့ ကိုယ်ရဲ့ ဝမ်းလမ်းကြောင်း သန့်ရှင်းမှုအားနည်းရင် ဆီးလမ်းကြောင်းထဲ ရောက်နိုင်သလို မွေးလမ်းကြောင်းထဲ ရောက်နိုင်ပါတယ်။ အဲဒီအခါ မွေးလမ်းကြောင်းထဲ ပိုးဝင်ရင် အဖြူဆင်းတယ်၊ အနံ့အသက်မကောင်းဘူး၊ အရောင်အဆင်းမကောင်းဘူး၊ ယားယံတယ် စတာတွေ ဖြစ်တတ်တယ်။ အဲဒါကို သေချာဂရုတစိုက်မကုမိလို့ သားအိမ်ထဲအထိ ဝင်သွားရင်ဆီး စပ်ကိုက်မယ်၊ သွေးပုပ်ဆင်းမယ်… စတဲ့ သားအိမ်ရောင်လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ မဖြစ်အောင် တစ်ကိုယ်ရေ သန့်ရှင်းရေး၊ လိင်အင်္ဂါသန့်ရှင်းရေး ဂရုစိုက်ရပါမယ်။ အမျိုးသားက လိင်ဆက်ဆံရာမှ ရတဲ့ပိုးတွေ ကင်းရှင်းနေရပါမယ်။ ဒါဆိုရင် သားအိမ်ရောင်တာကို ကာကွယ်ပြီးသားဖြစ်ပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top