Healthy Life Ad
Health Tips

သက်တံ့ရောင် အစာစားခြင်း၏ ကောင်းကျိုးများ

သင်စားမယ့် ပန်းကန်ပြားထဲ အရောင်စုံပါ လေလေ၊ အာဟာရဓာတ် အစုံအလင်ရရှိလေလေ ဖြစ်ပါတယ်။ သက်တံ့ရောင်အစားအသောက်တွေ ကို စားပေးရင် သင့်ကျန်းမာရေးကို ကောင်းမွန်စေတဲ့ အကျိုးကျေးဇူးတွေကို မျှဝေလိုက်ပါတယ်။

– အစိမ်းရောင်

အစိမ်းရောင် သစ်သီးဝလံတွေကို စားတာ၊ ကြိတ်ပြီး အရည်ဖျော် သောက်တာ တွေလုပ်ရင် အောက်ပါကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။

(၁) အသည်းထဲက အင်ဇိုင်းတွေကို အဆိပ်ချေ ဖျက်ပေးပါတယ်။

(၂) မျက်စိအမြင်အာရုံထိခိုက်စေတဲ့ မက်ကူလာ ယိုယွင်းထိခိုက်မှု နှေးစေပါတယ်။

(၃) မျက်စိကျန်းမာရေးကောင်းမွန်စေပါတယ်။

(၄) အူမကြီး၊ ဆီးအိတ်နဲ့ ရင်သားတို့လို ကင်ဆာ ရောဂါတွေဖြစ်နှုန်း လျော့ကျစေပါတယ်။

ပါဝင်သည့် အာဟာရဓာတ်များ

1 ဆာဖိုရာဖိန်း

2 မဂ္ဂနီဆီယမ်

3 သံဓာတ်

4 ကယ်လ်ဆီယမ်

5 လူတင်

6 ပိုတက်ဆီယမ်

7 ဗီတာမင်အေ

8 ဖောလိတ်

– အနီရောင်

အနီရောင် သစ်သီး ဝလံတွေစားတာ၊ ကြိတ်ပြီး အရည်ဖျော် သောက်တာတွေကြောင့် ကျန်းမာရေး အကျိုးကျေးဇူး တွေကို ရရှိစေနိုင်ပါတယ်။

(၁) လေဖြတ်ခြင်းနဲ့ မက်ကူလာ ယိုယွင်းပျက်စီးခြင်းဖြစ်နှုန်း လျော့ကျစေပါတယ်။

(၂) ရောင်ရမ်းမှု လျော့ပါးသက်သာစေပါတယ်။

(၃) နှလုံးကျန်းမာရေး ကောင်းမွန်စေပါတယ်။

(၄) ဆီးကျိတ်ကင်ဆာမဖြစ်အောင် ကာကွယ်ပေးပါတယ်။

ပါဝင်သည့် အာဟာရဓာတ်များ

1 လိုင်ကိုပင်း

2 အန်သိုဆိုင်ယာနင်

3 အီလက်ဂျစ်အက်စစ်

4 ဗီတာမင်စီ

5 ကွာစီတင်

– လိမ္မော်ရောင်/အဝါရောင်

လိမ္မော်ရောင်နဲ့ အဝါရောင် သစ်သီးဝလံတွေ စားတာ၊ အရည်ဖျော်ပြီး သောက်တာကြောင့် အောက်ပါ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

(၁) အင်တီအောက်ဆီးဒင့်ရရှိမှုကို အားကောင်း စေပါတယ်။

(၂) ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။

(၃) မျက်စိနဲ့ အသားအရေ ကျန်းမာစေပါတယ်။

(၄) ရောင်ရမ်းမှုလျော့ကျစေတဲ့ ဒြပ်ပေါင်းနဲ့ ဓာတ်ဆားတွေပါဝင်တာကြောင့် လေ့ကျင့်ခန်းလုပ် ပြီးဖြစ်တတ်တဲ့ ကြွက်သားနာကျင်တောင့်တင်း မှုကိုသက်သာစေပါတယ်။

ပါဝင်သည့် အာဟာရဓာတ်များ

1 ဘီတာကယ်ရိုတင်း

2 အယ်လ်ဖာကာရိုတင်း

3 ပိုတက်ဆီယမ်

4 ဗီတာမင်စီ

5 ဗီတာမင်အေ

– အပြာရောင်/ခရမ်းရောင်

အပြာရောင်နဲ့ ခရမ်းရောင်သစ်သီးဝလံ၊ ဟင်း သီးဟင်းရွက်တွေကို စားတာကြောင့်အောက် ပါကျန်းမာရေးအကျိုး ကျေးဇူးတွေကို ရရှိစေ ပါတယ်။

(၁) အင်တီအောက်ဆီးဒင့်ရရှိမှုကို တိုးစေပါတယ်။

(၂) နှလုံးနဲ့ သွေးကြော ရောင်ရမ်းမှုလျော့ပါးစေ ပါတယ်။

(၃) ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်။

(၄) အသားအရေကျန်းမာပြီး အရေးကြောင်း ကင်းစင်စေပါတယ်။

ပါဝင်သည့် အာဟာရဓာတ်များ

1 ဗီတာမင်စီ

2 ပိုတက်ဆီယမ်

3 ဖောလိတ်ဓာတ်

– အဖြူရောင်

အဖြူရောင်သစ်သီး ဝလံတွေစားတာကြောင့် အောက်ပါကျန်းမာရေး ကောင်းကျိုးတွေရရှိ စေပါတယ်။

(၁) နှလုံးသွေးကြောရော ဂါဖြစ်နှုန်းနဲ့ ကင်ဆာ ရောဂါအမျိုးမျိုးဖြစ်နိုင်ခြေကို လျော့ကျစေပါ တယ်။

(၂) အရိုးကျန်းမာစေပြီး အရိုးပါးရောဂါ ဖြစ်နှုန်း လျော့ကျစေပါတယ်။

(၃) ကိုယ်ခံအားစနစ် ကျန်းမာစေပါတယ်။

(၄) ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှုကို လျော့ကျ စေပါတယ်။

(၅) သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောအ ဆင့်ကို လျော့ပါးစေပါတယ်။

(၆) ဖန်းဂတ်စ်မှိုနဲ့ ဘက်တီးရီးယားပိုးတွေကို ကင်းစင်စေပါတယ်။

ပါဝင်သည့် အာဟာရဓာတ်များ

1 ဗီတာမင်စီ

2 အယ်လီယမ်

3 ဆာဖိုရာဖိန်း

4 ဖလေဗနွိုက်

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top