Healthy Life Ad
Q & A

သားကြောဖြတ်ထားသူအမျိုးသမီးရဲ့ မမျိုးဥနဲ့ သုက် ပိုးပေါင်းစပ်ပြီး ဖန်ပြွန်သန္ဓေလုပ်နိုင်ပါသလား . .

မေး ။ ဆရာရှင့် . . သားကြောဖြတ်ထားပြီးတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ မမျိုးဥနဲ ့တခြားယောကျာ်းလေး တစ်ယောက်ရဲ့ သုက်ပိုးပေါင်းစပ်ပြီး ဖန်ပြွန်သန္ဓေလုပ်မယ်ဆိုရင် အောင်မြင်နိုင်ပါသလား သိချင်ပါတယ်ရှင့်။
Thida Mg (Fb)

ဒေါက်တာမိုးအောင်ကျော်နိုင်(အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။
ဖြေ ။ ဒါက အမျိုးသမီးရဲ့ အသက်အရွယ်ပေါ် မူတည်ပါတယ်။ သားကြောဖြတ်ထားပေမယ့် အမျိုးသမီးရဲ့ အသက်အရွယ်က ငယ်ရွယ်သေးတယ်၊ မမျိုးဥက ကြွေကျနေတုန်းပဲဆိုရင် ယောကျာ်းလေးရဲ့ သုက်ပိုးနဲ့ ပေါင်းစပ်ပြီး ကလေးသန္ဓေအောင်ဖို့ ဖန်ပြွန်သန္ဓေ လုပ်မယ်ဆိုရင် ဖြစ်နိုင်ပါတယ်။ သားကြောဖြတ်တယ်ဆိုတာ ထွက်လာတဲ့ မမျိုးဥလေးတွေ အောက်ကို မဆင်းနိုင်အောင်၊ အမျိုးသားရဲ့ သုက်ပိုးနဲ့ လမ်းမှာ မတွေ့နိုင်အောင် ဖြတ်ထားတဲ့ သဘောပါ။ ဒါကြောင့် မမျိုးဥလေးတွေက ကြွေဆင်းနေတုန်းပဲဖြစ်တဲ့အတွက် ကြွေကျတဲ့မမျိုးဥလေးတွေနဲ့ သုက်ပိုးပေါင်းစပ်ပြီး သန္ဓေတည်အောင် လုပ်လို့ရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top