Healthy Life Ad
Q & A

သွေးတိုးရှိသူ သွေးလှူလို့ ရ၊ မရ

မေး. သွေးတိုးရှိသူက သွေးလှူလို့ရပါသလားရှင့်။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့်(အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. သွေးတိုးရှိတဲ့သူက သွေးလှူလို့ရပါတယ်။ ဒါပေမဲ့ တစ်ခါတလေ သွေးတွေအများကြီးထွက်သွားရင် မူးတာ၊ မောတာတွေ ဖြစ်တတ်ပါတယ်။ သွေးလှူဖို့ရာ အဓိက ဟေမိုဂလိုဘင် အားပြည့်၊ မပြည့်ပေါ်မှာ မူတည်ပါတယ်။ သွေးအားနည်းရောဂါမရှိဘူးဆိုရင် သွေးတိုးရှိပေမယ့် သွေးလှူလို့ရပါတယ်။ ဒါပေမဲ့ သွေးတိုးရှိသူ သွေးလှူလိုက်ရင် သွေးထဲက ဟေမိုဂလိုဘင် ရုတ်တရက် အပြောင်းအလဲရှိသွားတတ်ပါတယ်။ အဲဒါကြောင့် သွေးတိုးရှိသူ သွေးလှူချင်ရင် လမ်းလျှောက်ပေးဖို့ အရေးကြီးပါတယ်။ သုံးလလောက် ပုံမှန်တစ်နေ့နာရီဝက် လမ်းလျှောက်ပေးရင် သွေးပေါင်ပုံမှန်ဖြစ်သွားလိမ့်မယ်။ အဲဒီအချိန်ကျမှ သွေးလှူသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top