Healthy Life Ad
International

၁၉လက်မရှိ လိင်တံရှိသူအမျိုးသား ယူနီဖောင်းနဲ့မတော်တာကြောင့် အလုပ်မလုပ်နိုင်

၊ လရိပ်မေ ၊

ကမ္ဘာ့အကြီးဆုံးလိင်တံရှိတယ်လို့ထင်ရတဲ့ မက္ကဆီကိုက ၅၅ နှစ်အရွယ် ဆယ်တီလိုဟာ အလုပ်ယူနီဖောင်းနဲ့ မတော်တာကြောင့် အလုပ်မလုပ်နိုင်ရှာပါဘူး။ သူ့လိင်တံက ၁၈ လက်မရှည်ပြီး ဒူးအထိတောင် ရောက်နေတဲ့အတွက် တစ်ချိန်က လိင်အသားပေးညစ်ညမ်းဇာတ်ကားရိုက်ဖို့ ပြောကြတာတောင်ရှိခဲ့ဖူးပါတယ်။ အခုအခါမှာတော့ သူ့ပြဿနာကို အဖြေရှာဖို့ ကြိုးစားနေပါတယ်။

“ကျွန်တော်က ကုမ္ပဏီက တခြားလူတွေလို ယူနီဖောင်းမဝတ်နိုင်ပါဘူး။ မြန်မြန်လည်း မပြေးနိုင်ပါဘူး။ ဒါကြောင့် သူတို့က အလုပ်ခေါ်မယ်လို့ပြောပေမယ့် တကယ်တော့ ဘယ်တော့မှမခေါ်ပါဘူး”လို့ ဆယ်တီလိုက ဆိုပါတယ်။ သူရဲ့လိင်တံက မကြာခဏ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းအပါအဝင် ကျန်းမာရေးပြဿနာများစွာကို ဖြစ်စေတယ်လို့ သိရပါတယ်။ အိပ်တဲ့အခါ လိင်တံဖိမိမှာစိုးလို့ ပတ်တီးတွေနဲ့ပတ်ပြီး အိပ်ရတဲ့အတွက် ညဘက်တွေမှာ ဘယ်တော့မှ သက်သောင့်သက်သာ မရှိဘူးလို့ ဆိုပါတယ်။ ဒီလိုပြဿနာတွေရှိပေမယ့် ဆရာဝန်တွေရဲ့ လိင်တံသေးအောင်ပြုပြင်တဲ့ ကုထုံးကို ငြင်းဆန်ခဲ့ပါတယ်။ အကြောင်းကတော့ ဂင်းနက်စံချိန်ဝင်ချင်လို့ ဖြစ်ပါသတဲ့။

ဆရာဝန်တွေက ပုံမှန်လိင်တံအရွယ်အစားပြုပြင်ပြီး ပုံမှန်လိင်ဆက်ဆံမှု၊ သားသမီးရရှိမှုတို့ ရဖို့အကြံပြုပေမယ့် လိင်တံရှည်လျားမှုကို စွဲလမ်းနေတဲ့ ဆယ်တီလိုက ခွဲစိတ်မှုကို လက်မခံဘူးလို့ သိရပါတယ်။ သူဟာ လိင်တံရှည်လျားစေဖို့ ဆယ်ကျော်သက်အရွယ်ကတည်းက လိင်တံကို ကွင်းတွေနဲ့ဆွဲတာ၊ အလေးတချို့နဲ့ ဆွဲဆန့်တာတွေပြုလုပ်ခဲ့ပြီး လိင်တံရှည်လျားမှုနဲ့ နာမည်ကြီးတာကို သဘောကျနေသူဖြစ်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top