Healthy Life Ad
International

အဆင့်(၄) အူမကြီးကင်ဆာဝေဒနာရှင် သက်သတ်လွတ်စားရာမှ သက်သာလာ

၊ ကိုထက် ၊

အခုအခါ အသက် ၄၃ နှစ်အရွယ်ရှိ ရော့ဘ်မူးဘယ်ရီက ၂၀၁၂ မှာ အူမကြီးကင်ဆာအဆင့် (၄) ခံစားခဲ့ရသူဖြစ်ပြီး အူမကြီး၊ ပြန်ရည်ကျိတ်နဲ့အသည်းတွေအထိ ကင်ဆာပြန့်နှံ့နေခဲ့ပါတယ်။ ရော့ဘ်ကို အူမကြီးဖြတ်ထုတ်ပြီး ကင်ဆာဆေးသွင်းကုထုံးနဲ့ ဓာတ်ရောင်ခြည်ကုထုံးကို နှစ်ကြိမ်စီပြန်လုပ်ဆောင်ရမယ်လို့ ဆရာဝန်တွေကဆိုပါတယ်။

“ကင်ဆာမျိုးရိုးမရှိဘဲ ကင်ဆာဖြစ်တယ်လို့ သိရချိန်မှာ ထိတ်လန့်သွားခဲ့ပါတယ်။ ကျွန်တော်က အမြဲတမ်းကျန်းမာတဲ့သူဖြစ်လို့ သတိမထားခဲ့မိပါဘူး။ တစ်နှစ်လောက်လေပွတာ၊ အူလှုပ်ရှားမှုပြောင်းလဲတာနဲ့ ဝမ်းထဲသွေးပါတာတို့ ဖြစ်ပေမယ့် တခြား အူလမ်းကြောင်း ပုံမမှန်တဲ့ရောဂါလို့ပဲ ထင်ခဲ့တာပါ”လို့ ရော့ဘ်က ဆိုပါတယ်။

ပထမအကြိမ် အူမကြီးဖြတ်ထုတ်ပြီးနောက် ဆေးရုံတက်နေရချိန်မှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ စားသောက်ပြီး လေ့ကျင့်ခန်းပြုလုပ်ခဲ့ပါတယ်။ ခွဲစိတ်မှုခံယူတာ၊ ကင်ဆာဆေးသွင်းကုထုံးခံယူတာနဲ့ ဓာတ်ရောင်ခြည်ကုထုံးခံယူတာတို့ တစ်ကြိမ်ပြုလုပ်ခဲ့ပြီးနောက် ကင်ဆာက အဆင့် ၃ အေသို့ကျသွားခဲ့ပါတယ်။ အဲဒီအချိန်မှာ သူက ကင်ဆာကုထုံးကို နောက်တစ်ကြိမ် မခံယူတော့ဘဲ ၂၀၁၂ နိုဝင်ဘာလက စပြီး အယ်လ်ကာလိုင်းအစာနဲ့ဆင်တူတဲ့ ဟင်းသီးဟင်းရွက်တွေကိုပဲစားလိုက်တဲ့အခါ ၂၀၁၃ အစောပိုင်း စစ်ဆေးမှုအရ ကင်ဆာရောဂါက ၈၀ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့ပါတယ်။ နောက်ထပ်ကုသမှု ခံယူစရာမလိုတော့ဘဲ အခုအခါ ကင်ဆာကုသအောင်မြင်တာ ငါးနှစ်ဝန်းကျင်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ အခုအခါမှာ ၂၀ လသား အမြွှာကလေးနှစ်ဦးနဲ့အတူ ကင်ဆာပရဟိတအသင်းတစ်ခုကို ဦးဆောင်နေတယ်လို့သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top