Healthy Life Ad
Health Tips

လက်ဖဝါးချွေးထွက်များခြင်း

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

သင့်လက်တွေ အမြဲစိုစွတ်ပြီး စေးကပ်နေပါသလား။ လက်တွေစိုစွတ်စေးကပ်တာက တကယ်ကို မသက်မသာဖြစ်စရာ အခြေအနေပါ။ ချွေးထွက်များတဲ့အခြေအနေအတွက် စိတ်ရှုပ်လေလေ၊ ပိုချွေးစေးပြန်လေလေပါ။ ဒါကြောင့် ဒီအခြေအနေကို ထိန်းချုပ်နိုင်ဖို့ သင့်တော်တဲ့ သဘာဝကုထုံးတွေကို မျှဝေလိုက်ရပါတယ်။

သဘာဝဆေးနည်း (၁) ဆော်ဒါမှုန့်နှင့် ဘေဘီပေါင်ဒါမှုန့်
ရေနွေးထဲ ဆော်ဒါမှုန့်နဲ့ ဘေဘီပေါင်ဒါအနည်းငယ်ထည့်ဖျော်ပါ။ ပြီးရင် သင့်လက်တွေကို အချိန် ၁၀ မိနစ်ခန့် စိမ်ပေးပါ။ ဆော်ဒါမှုန့်ရဲ့ အယ်ကာလီသတ္တိဟာ ချွေးတွေကို တုန့်ပြန်ပြီး လက်တွေကို ခြောက်သွေ့စေနိုင်ပါတယ်။ ဘေဘီ ပေါင်ဒါမှုန့်ကတော့ ချွေးနံ့မထွက်အောင် ကာကွယ်ပေးပါတယ်။

သဘာဝဆေးနည်း (၂) ခရမ်းချဉ်သီးဖျော်ရည်
ခရမ်းချဉ်သီးဖျော်ရည်က ချွေးထွက်တာကို ဟန့်တားပေးပြီး အသားအရေကြည်လင်စေပါတယ်။ ခရမ်းချဉ်သီးဖျော်ရည်ကို တစ်နေ့တစ်ကြိမ်၊ တစ်ပတ်ကြာသောက်ပေးရင် ချွေးထွက်တာကို လျော့ကျစေပါတယ်။ ချွေးထွက်များတဲ့ အကြောင်းရင်းတစ်ခုက သတ္တုဓာတ် ဒါမှမဟုတ် ဗီတာမင်ချို့တဲ့တာကြောင့် ဖြစ်တတ်ပါတယ်။ ပိုတက်ဆီယမ်နဲ့မဂ္ဂနီဆီယမ်တို့လို သတ္တုဓာတ်တွေက ခရမ်းချဉ်သီးဖျော်ရည်ထဲမှာ တွေ့ရတာကြောင့် နေ့တိုင်းသောက်ပေးရင် လက်တွေကို သန့်စင်ခြောက်သွေ့စေပါတယ်။

သဘာဝဆေးနည်း (၃) ဇင့်(သွပ်)ဓာတ်
နေ့စဉ်ဇင့်(သွပ်)ဓာတ်ပါတဲ့ အားဖြည့်ဆေးကို ၃၀နဲ့ ၅၀ မီလီဂရမ်ကြားမှီဝဲပေးရင် လက်ချွေးထွက်တာကို လျော့ကျစေသလို ချွေးနံ့နံတာကို သက်သာစေမှာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top