Healthy Life Ad
Life Style

ပုရိသလိင်တွေကို ညှို့ယူဆွဲဆောင်နိုင်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အလှအပဆိုတာ…

၊ လရိပ်မေ ၊

အမျိုးသားတွေရဲ့စိတ်ကို ညှို့ယူဆွဲဆောင်နိုင်တဲ့ အမျိုးသမီးတွေရဲ့ အလှအပရေးရာနည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

– မျက်ဝန်းအလှ

အမျိုးသားတွေက သင့်မျက်ဝန်းတွေကိုကြည့်ရတာ သဘောကျတတ်ပါတယ်။ သူတို့ သင့်ကိုကြည့်တဲ့အခါတိုင်း မျက်လုံးအကြည့် လွှဲလိုက်၊ ပြန်ကြည့်လိုက် စသဖြင့် တစ်လှည့်စီလုပ်ပေးပါ။ သူတို့က သင့်မျက်ဝန်းတွေကတစ်ဆင့် သင့်စိတ်ခံစားမှုနဲ့ သင်ရဲ့အပြစ်ကင်းစင်မှုတွေကို လေ့လာနေတာဖြစ်ပါတယ်။ သင့်မျက်ဝန်းတွေကို ပိုပြီး စူးစူးစိုက်စိုက်ကြည့်လေလေ သင်ရဲ့ ကြည်လင်တောက်ပမှုကို ပြသနိုင်လေလေပါပဲ။ ဒါကြောင့် ဖြူစင်ရှင်းသန့်ပြီး ပြုံးနေတဲ့ မျက်ဝန်းဖြစ်အောင်ပြုပြင်ပါ။

– ပိရိသေသပ်သော နှုတ်ခမ်း

သင့်နှုတ်ခမ်းဆီက သင့်အတွေးတွေ ထွက်လာတာပါ။ ဒါကြောင့် သင့်နှုတ်ခမ်းကို အမြဲဂရုစိုက်ပေးသင့်ပါတယ်။ ပုရိသတွေက ပိရိသေသပ်တဲ့ နှုတ်ခမ်းတစ်စုံရဲ့ အပြုံးမြင်ရတာကို သဘောကျတတ်သလို နှုတ်ခမ်းသားတွေကို အနည်းငယ်လှုပ်ခတ်ရင်း စကားပြောတာကိုလည်း ချစ်မြတ်နိုးတတ်ပါတယ်။

– ကျော့ရှင်းသည့် လည်တိုင်

အမျိုးသားအများစုက ကျော့ရှင်းတဲ့လည်တိုင်ရှိတဲ့ ခပ်သွယ်သွယ်မိန်းကလေးတွေကို သဘောကျတတ်ပါတယ်။

– နားအလှ

သင့်နားဟာ နားဆွဲသေးသေးလေးတွေ၊ နားကပ်တွေနဲ့ ပနံ့တင့်နေတယ်ဆိုရင် အမျိုးသားတွေ မှင်သက်စွာ ငေးမောနေတတ်ပါတယ်။

– တောက်ပသည့် ဆံကေသာ

တောက်ပနက်မှောင်တဲ့ ဆံကေသာရှိတာက အမျိုးသားတွေကို ဆွဲဆောင်နိုင်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။ ဆံပင်အရောင်က ဘယ်လိုပဲဖြစ်နေပါစေ၊ ဆံကေသာက တောက်ပနေရင် လှပကြည့်ကောင်းနေပါတယ်။

– သပ်ရပ်သော လက်သည်း၊ ခြေသည်း

လှပကြည့်ကောင်းအောင် အထူးပြုပြင်ထားတဲ့ လက်သည်း၊ ခြေသည်းတွေကလည်း အမျိုးသားတွေကို ဆွဲဆောင်နိုင်တာပါပဲ။ ဒါက သင်ရဲ့ ရင့်ကျက်တည်ငြိမ်မှုအဆင့်အတန်းကို ပြသရာရောက်လို့ပါ။ လက်သည်းရှည်ထားပြီး အရောင်ခြယ်သရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ သန့်ရှင်းကြည်လင်ပြီး လှပတဲ့ လက်သည်း ခြေသည်းတွေ ဖြစ်ဖို့ပဲ အရေးကြီးတာပါ။

– ပျော်ပျော်နေတတ်သော စိတ်နေသဘောထား

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး ပျော်ရွှင်တတ်တဲ့ အမျိုးသမီးတွေက အမျိုးသားတွေရဲ့ စိတ်ခံစားချက်ကို ဆွဲဆောင်နိုင်စွမ်းရှိပါတယ်။ ဒါကြောင့် သူတို့မျက်ဝန်းကို သက်သောင့်သက်သာ ပြန်ကြည့်နိုင်တဲ့ အမျိုးသမီးတွေကို အမျိုးသားတွေက သဘောကျတတ်တာပါ။ မိမိကိုယ်မိမိ လေးစားစိတ်ရှိတဲ့ အမျိုးသမီးတွေဟာ ရယ်မောပျော်ရွှင်တတ်သလို အမြဲတမ်းအေးဆေးသက်သာစွာ ရှိနေတတ်ပါတယ်။

– သင်းပျံ့သော ကိုယ်နံ့

အမျိုးသားအများစုဟာ အမျိုးသမီးတစ်ဦးဆီက ချစ်စိတ်တိုးစေတဲ့ ရနံ့မျိုးရတာကို ရူးသွပ်စွာတပ်မက်တတ်ကြပါတယ်။ အဲဒီအမျိုးသမီးထွက်သွားရင်တောင် သူ့ဆီကကျန်ခဲ့တဲ့ ရေမွှေးနံ့ကို ရှုရှိူက်ရင်း သာယာယစ်မူးနေတတ်တာမျိုးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top