Healthy Life Ad
International

တစ်နေ့ ကယ်လိုရီ ၂၀ဝသာရယူပြီး ဆီးချိုရောဂါကို အနိုင်ယူခဲ့သော အမျိုးသမီး

၊ ကိုထက် ၊

ဗြိတိန်နိုင်ငံက အသက် ၆၅ နှစ်အရွယ် မာရေးဆိုတဲ့ အမျိုးသမီးတစ်ဦးက တစ်နေ့မှာ ကယ်လိုရီ ၂၀ဝ သာ သောက်ပြီး ဆီးချိုကို အနိုင်ရရှိသွားတယ်လို့ ဆိုပါတယ်။

မာရေးနဲ့အတူ စမ်းသပ်မှုမှာ လူဦးရေ ၂၉၈ ဦး ပါဝင်ပြီး ၅ လအကြာမှာ ကိုယ်အလေးချိန်၂၁၀ ပေါင်လေးခဲ့တဲ့ မာရေးက ကိုယ်အလေးချိန် ၅၅ ပေါင်ကျသွားခဲ့ကာ ဆီးချိုဆေး သောက်စရာ မလိုတော့ဘူးလို့ သိရပါတယ်။

မာရေးက သွေးတွင်းသကြားဓာတ်တွေ မြင့်တက်လာတဲ့ အကြိမ်တိုင်း ဆရာဝန်ဆီ သွားပြခဲ့တဲ့အခါ ဆေးပမာဏကို တိုးမြှင့်သောက်သုံးနေခဲ့ရပါတယ်။ ဒါနဲ့ မာရေးက အရည်သက်သက်ကိုပဲ ၁၇ပတ်ကြာသောက်ခဲ့ပြီး ဈေးသွားတာ၊ ဟင်းချက်တာ တို့ကိုမလုပ်တော့ပါဘူး။ ကယ်လိုရီ ၂၀ဝပဲပါတဲ့ အာဟာရမျှတတဲ့ အရည်တွေကိုပဲ သောက်လိုက်ရာမှာ ကိုယ်အလေးချိန်ကျသွားပါတော့တယ်။ သူ ကိုယ်အလေးချိန်ကျပြီးချိန်မှာ အာဟာရဆရာဝန်တွေက အစာမာမာကို ပြန်စားခိုင်းပေမယ့် မာရေး က အဲဒီလို ပြန်စားရတောင် ခက်ခဲနေကြောင်း ဆိုပါတယ်။

စမ်းသပ်သူတွေထဲက ၄၆ ရာခိုင်နှုန်းဟာ တစ်နှစ်အကြာမှာ ဆီးချိုကျလာတယ်။ ၈၆ ရာ ခိုင်နှုန်းဟာ ၃၃ ပေါင် ဒါမှမဟုတ် ဆီးချိုကျလာတယ်။ ၄ ရာခိုင်နှုန်းမှာသာ လက်ရှိကာလအတွက် အကောင်းဆုံး ဆီးချိုဆေးလိုကြတယ်။

ဒီသုတေသနရလဒ်ကိုကြည့်ပြီး ဆီးချိုရောဂါကို ပျောက်အောင်ကုသနိုင်တာ မဟုတ်ပါလို့ နယူး ကာဆယ်တက္ကသိုလ်က ဆရာဝန်တွေက ဆိုပါတယ်။ ကိုယ်အလေးချိန်တက်လာတာနဲ့ ဆီးချိုလည်း တက်လာမှာဖြစ်ကြောင်း ဆိုပါတယ်။

မာရေးကတော့ ဆီးချိုကုသဆေးမလိုတာ ၂ နှစ်ရှိပြီဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ကိုယ်အလေးချိန်လျှော့ချလိုက်တဲ့အခါ အစာနည်းရင် ကိုယ်ထဲကအဆီတွေကို ထုတ်သုံးပြီး ဆီးချိုဟော်မုန်း အင်ဆူလင်ထုတ်ပေးတဲ့ သရက်ရွက်က ပြန်အလုပ်လုပ်လာနိုင်တာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်တာ ဖြစ်ပါ တယ်။ကမ္ဘာပေါ်မှာ အရွယ်ရောက်တဲ့သူ ၁၁ ယောက်မှာ ၁ ယောက်က ဆီးချိုရှိနေတယ်လို့ သိရပါတယ်။

(Ref;BBC)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top