Healthy Life Ad
Q & A

သုံးလကျော်သားလေး ချောင်းဆိုး၊ နှာစေးဖြစ်ခြင်း

မေး. သားသားက အခု၃လကျော်ပဲ ရှိသေးပါတယ်။ သားသား ချောင်းဆိုး၊ နှာစေးဖြစ်နေလို့ပါ။ ပြောပြပေးပါရှင်။
Lovely Zin(FB)

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ကလေးဆိုတာ ပူတယ်၊ အေးတယ်လို့ မပြောနိုင်ပါဘူး။ ကလေးကို ထုပ်ထားလွန်းအားကြီးလို့ ချွေးပြန်ပြီး ချွေးကြောင့် ပြန်အအေးမိရင် ချောင်းဆိုး၊ နှာစေးဖြစ်နိုင်ပါတယ်။ အအေးမိနိုင်တဲ့ အနေအထားမှာ နွေးနွေးထွေးထွေး ထားပေးရပါမယ်။ ရေချိုးတဲ့အချိန် မကြာအောင် အထူးဂရုစိုက်ပေးပြီး ရေချိုးပြီးရင်လည်း ခပ်သွက်သွက်ရေသုတ်ပေးရပါမယ်။ ချောင်းဆိုး၊ နှာစေးသက်သာအောင် ကလေးအထူးကုဆရာဝန်နဲ့ ပြသရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top