Healthy Life Ad
Life Style

ကိုရီးယားမင်းသမီး ဂျွန်ဒူးရွန်၏ အသားအရေလှပခြင်းလျှို့ဝှက်ချက်

၊ လရိပ်မေ ၊

အသက် ၄၄နှစ်ထဲ ရောက်ချိန်မှာတောင် အသားအရေလှပသန့်စင်နေတဲ့ ကိုရီးယားမင်းသမီးဂျွန်ဒူးရွန်က သူရဲ့ အသားအရေလှပရခြင်းလျှို့ဝှက်ချက်ကို အခုလိုပြောပြခဲ့ပါတယ်။

– မိတ်ကပ်သန့်စင်ခြင်း

အသားအရေထိန်းသိမ်းမှုအခြေခံက အိမ်ပြန်ရောက်တဲ့အခါ မိတ်ကပ်တွေကို စနစ်တကျသန့်စင်တာပဲဖြစ်တယ်လို့ ဂျွန်ကဆိုပါတယ်။ မိတ်ကပ်တွေကို စနစ်တကျသန့်စင်ပေးမှသာ ချွေးပေါက်ထဲ အဆီနဲ့ အညစ်အကြေးတွေကင်းပြီး အသားအရေ ကြည်လင်ရှင်းသန့်စေမှာပါ။

– Toner အမျိုးအစားကောင်းကောင်းလိမ်းခြင်း

မျက်နှာသစ်ပြီးတဲ့အခါ အသားအရေရဲ့စံကို ဟန်ချက်ညီစေပြီး အစိုဓာတ်ထိန်းပေးမယ့် တိုနာလိမ်းလေ့ရှိတဲ့ဂျွန်က တိုနာက အသားအရေထိန်းသိမ်းမှုကောင်းအောင်ကူညီပေးပြီး နောက်လိမ်းမယ့် အသားအရေထိန်းပစ္စည်းတွေကို အသားအရေထဲ ကောင်းကောင်းစိမ့်ဝင် ရောက်ရှိစေတယ်လို့ဆိုပါတယ်။

– နှိပ်နယ်၍ လိမ်းခြင်း

ခရင်မ်အခြေခံအလှကုန်တွေလိမ်းတဲ့အခါ လက်ထဲထည့်ပြီး အသားအရေပေါ်မှာ အောက်မှအပေါ် ပင့်တင်လိမ်းပေးပါတယ်။ ဒီနည်းနဲ့လိမ်းတာကြောင့် အသားအရေထဲ အလွယ်တကူ စိမ့်ဝင်ရောက်ရှိစေတယ်လို့ ဂျွန်ကဆိုပါတယ်။ မျက်နှာကို နှိပ်နယ်သလိုဖြစ်တာကြောင့် မျက်နှာမှာ သွေးလှည့်ပတ်မှုကောင်းစေပြီး ဆဲလ်သစ်ဖြစ်ပေါ်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top