Healthy Life Ad
Health Tips

သင်စားမယ့် ထမင်းပန်းကန်ပြားထဲ ဘာတွေပါသင့်သလဲ . . .

ကျန်းမာသက်ရှည်ဖို့ ကိုယ်စားမယ့်ထမင်းပန်းကန်ထဲမှာ ထည့်စားသောက်သင့်တာနဲ့ ဆင်ခြင်သင့်တာတွေကို မျှဝေလိုက်ရပါတယ်။

ကျန်းမာရေးနှင့် ညီညွတ်သောဆီ

– ဟင်းချက်တာ၊ ဟင်းရွက်သုပ်တာ စတာတွေမှာ သံလွင်ဆီလို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီကို ရွေးချယ်ပါ။ ထောပတ်ကို ထိန်းချုပ်စားပါ။ ထရန့်စ်ဖက်စ် (ထပ်ပြန်ကြော်ဆီ)ကို ရှောင်ပါ။

ဟင်းသီးဟင်းရွက်များ

– ဟင်းသီးဟင်းရွက် များများစားလေလေ၊ ကျန်းမာရေးနဲ့ ပိုညီညွတ်မှုရှိလေလေ။

သစ်သီးများ

– အရောင်စုံ သစ်သီးများများစားပါ။

ကောက်နှံတစ်ခုလုံးနှင့် လုပ်ထားသောအစာ

– ပေါင်မုန့်ညို၊ ဆန်လုံးညို၊ ခေါက်ဆွဲညိုတို့လို ကောက်နှံတစ်ခုလုံးစာတွေကို စားပါ။

ရေ

– ရေ၊ သကြားမပါတဲ့ လက်ဖက်ရည်/ ကော်ဖီသောက်ပါ။ နို့နဲ့ နို့ထွက်ပစ္စည်းကို တစ်နေ့ ၁-၂ ကြိမ်ပဲသောက်ပါ။ သကြားပါတဲ့ ဖျော်ရည်ကိုရှောင်ပါ။

ကောင်းသော ပရိုတင်းဓာတ်

– ငါး၊ ကြက်၊ ဝက်၊ ဘဲ၊ ပဲ၊ အခွံမာစေ့ စတာတွေကို ရွေးချယ်စားသုံးပါ။ အနီရောင်အသားနဲ့ ဒိန်ခဲကို ထိန်းချုပ်စားပါ။ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း၊ ကြက်အူချောင်းတို့လို ပြုပြင်ထားတဲ့အစာတွေကို ရှောင်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top