Healthy Life Ad
International

မွေးရာပါ နှလုံးတစ်ဝက်ပဲပါတဲ့ ၂လသား ကလေးငယ် နှလုံးအစားထိုးကုသမှုအောင်မြင်

၊ ကိုထက် ၊

ချာလီကို ပြီးခဲ့တဲ့ အောက်တိုဘာလမှာ မွေးဖွားခဲ့ပြီး သူရဲ့နှလုံးတစ်ခြမ်းဟာ ကောင်းစွာမဖွံ့ဖြိုးတဲ့အတွက် အလုပ်မလုပ်နိုင်ပါဘူး။ ဒါ့အပြင် နှလုံးအခန်းနှစ်ခုကြားမှာလည်း အပေါက်တစ်ပေါက် ပါနေပါသေးတယ်။ ချာလီရဲ့အမေ ထရေစီရဲ့ ကိုယ်ဝန် ၅လ အချိန်ကတည်းက ကလေးဟာ နှလုံးကောင်းစွာမဖွံ့ဖြိုးတာကို စမ်းသပ်မှုတွေမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ချာလီကိုမွေးချိန်မှာ ခြောက်ပေါင်နဲ့ ငါးအောင်စရှိပြီး နယူးကာဆယ်နိုင်ငံ ဖရီးမန်းဆေးရုံမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ ချာလီဟာ အနောက်နိုင်ငံရှိ နှလုံးအစားထိုးဖို့ လှူဒါန်းသူကို စောင့်နေသူတွေထဲမှာ အသက်အငယ်ဆုံး လူနာပဲဖြစ်ပါတယ်။ ချာလီရဲ့အဖေ စတီဗင်နဲ့ အမေဖြစ်သူထရေစီတို့ဟာ သူတို့သားလေးအတွက် နှလုံးလှူဒါန်းပေးခဲ့တဲ့ မိသားစုကို အလွန်ပင် ကျေးဇူတင်ရှိကြောင်း ပြောပြခဲ့ပါတယ်။

“ကျွန်တော်တို့မိသားစုတစ်ခုလုံး အမှောင်အတိကျနေချိန်မှာ အလိုအပ်ဆုံး အကူအညီကိုပေးခဲ့တဲ့ မိသားစုကို အရမ်းပဲကျေးဇူးတင်ပါတယ်။ သူတို့က ကျွန်တော်သားလေးကို အသက်ရှင်ခွင့်ပေးခဲ့သူတွေပါပဲ၊ ကျွန်တော်တို့တစ်သက်လုံး သူတို့ကို ကျေးဇူးတင်အမှတ်ရနေမှာပါ”လို့ ပြောခဲ့ပါတယ်။

“ခရစ္စမတ်အမှီ ပျော်ရွှင်ခွင့်ရအောင် နှလုံးလှူဒါန်းပေးခဲ့တဲ့ မိသားစုကိုရော၊ အောင်မြင်အောင် ကုသပေးခဲ့တဲ့ ဆရာဝန်တွေကိုရော အရမ်းကျေးဇူးတင်ပါတယ်”လို့ ချာလီအမေက ပြောကြားခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top