Healthy Life Ad
Health Tips

အိပ်ရာမဝင်မီ သက်ရှည်ကျန်းမာသူတို့ လုပ်လေ့ရှိသည့် အမူအကျင့် ခုနစ်မျိုး

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

သက်ရှည်ကျန်းမာသူတွေက ညဘက်မှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်စားတာ၊ သင့်တော်ကောင်းမွန်တဲ့ ခေါင်းအုံးနဲ့ အိပ်စက်အနားယူတာ၊ လေ့ကျင့်ခန်းလုပ်တာ စတာတွေကို ပြုလုပ်လေ့ရှိကြပါတယ်။

(၁) ခေါင်းအုံးထူထူကိုရှောင်ပါ

ခေါင်းအုံးဆိုတာ အကောင်းဆုံး အိပ်စက်မှုအနေအထားကို ပေးပါတယ်။ ခေါင်းအုံးထူထူနဲ့အိပ်တာက မသက်မသာဝေဒနာဖြစ်စေပြီး ကောင်းကောင်းအိပ်မပျော်နိုင်ပါဘူး။

(၂) ကျန်းမာရေးနှင့်အညီ စားသောက်ပါ

ညအိပ်ရာမဝင်ခင် သရေစာအဖြစ် ကီဝီသီးနှစ်လုံးစားပေးရင် ၃၅ ရာခိုင်နှုန်းနဲ့အထက် ပိုပြီးမြန်မြန်အိပ်မောကျစေပါတယ်။ ကီဝီသီးမှာ ဗီတာမင်စီနဲ့ ဗီတာမင်အီး ပါဝင်မှုများတာကြောင့် ဦးနှောက်ထဲက နျူရိုထရန်စမစ္စတာတွေကို ဟန်ချက်ညီစေပြီး အိပ်ရေးဝ၀ အိပ်မောကျစေတာဖြစ်ပါတယ်။

(၃) ညဘက်တွင် ဆေးမှီဝဲပါ

လေ့လာမှုအရ လေဖြတ်တာနဲ့ နှလုံးရောဂါ အမောဖောက်ခြင်း (Heart Attack) ခံစားရနိုင် ခြေရှိသူတွေက အက်စ်ပရင်လိုဆေးဝါးကို ညနေခင်းမှာမှီဝဲရင် ပိုအကျိုးရှိတယ်လို့ သိရပါ တယ်။ သွေးခဲစေမယ့် သွေးချပ်ပြားတွေက မနက်ခင်းမှာ ပိုအားရှိစေတာကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။ အမေရိကန် နှလုံးအဖွဲ့အစည်းရဲ့ လေ့လာမှုအရ မအိပ်ခင် အက်စ်ပရင်ဆေးပြားမှီဝဲသူတွေက နံနက်ခင်းမှာ သွေးချပ်ပြားပမာဏ သိသိသာသာလျော့ကျမှုရှိတယ်လို့ သိရပါတယ်။

(၄) အကြောလျှော့ပါ

အိပ်ရာမဝင်ခင် အကြောလျှော့တာကြောင့် ကြွက်သားနဲ့အရွတ်တွေကို ပြေလျော့စေပြီး ခြေသလုံးကြွက်တက်တာကိုလည်း ကင်းစင်စေပါတယ်။

(၅) အသံလျှော့ချပါ

ဆူညံသံတွေကို တတ်နိုင်သမျှ လျှော့ချတာကြောင့် အိပ်ရေးဝ၀ အိပ်မောကျစေပါတယ်။

(၆) ကျေးဇူးတင်ကြောင်း ချရေးပါ

လူတွေကိုကျေးဇူးတင်တတ်တာက စိတ်ကျန်းမာရေးကို ကောင်းမွန်စေပြီး အိပ်ရေးဝ၀ အိပ်မောကျစေတယ်လို့ ဗြိတိန်လေ့လာမှုအရ သိရပါတယ်။

(၇) လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်ပြီး ခန္ဓာကိုယ်တင်းအားတွေကို ဖြေလျှော့တာက ညဘက်မှာ အိပ်ရေးဝ၀ အိပ်မောကျစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top