Healthy Life Ad
Health Tips

ဟန်ဟိုဂျူးနှင့် အလှအပမေးခွန်း ငါးခု

၊ လရိပ်မေ ၊

ကိုရီးယားမင်းသမီး ဟန်ဟိုဂျူးက အလှအပရေးရာနဲ့ပတ်သက်ပြီး အောက်ပါအတိုင်း ဖြေကြားထားပါတယ်။

(၁) မျက်လုံးလှပအောင် ဘယ်လိုခြယ်လေ့ရှိသလဲ။

“ဒါက စိတ်ခံစားမှုအပေါ် မူတည်ပါတယ်။ တချို့အခမ်းအနားတွေမှာ မျက်ဝန်းပိုပေါ်အောင် နှုတ်ခမ်းနီ (Red Lipstick) ကို သုံးပါတယ်။ ဒါပေမဲ့ ယေဘုယျအားဖြင့် သဘာဝကျကျပဲပြင်တယ်။ မျက်ဝန်းပိုကြီးစေချင်ရင်တော့ မျက်ကပ်မှန်တပ်ပါတယ်”

(၂) မျက်ဝန်းကြီးမားအောင် မျက်ကပ်မှန်တပ်တာက တကယ်အဆင်ပြေသလား။

“ကျွန်မ မျက်လုံးကိုတော့ ပိုလှစေတာပဲ။ ကျွန်မမျက်စိသူငယ်အိမ်က အလွန်သေးငယ်တဲ့အတွက် မျက်ကပ်မှန်တပ်လိုက်ရင် ပိုလှပြီး ပိုသဘာဝကျကျကြည့်ကောင်းသွားတယ်။ ခရမ်းလွန်ရောင်ခြည်ကာကွယ်တဲ့ မျက်ကပ်မှန်အမျိုးအစားကို ရွေးပါတယ်”

(၃) အသားအရေအတွက် ခရမ်းလွန်ရောင်ခြည်ဒဏ်ကာကွယ်ဖို့ အရေးကြီးတယ်လို့ ထင်သလား။

“သိပ်ကို အရေးကြီးတာပေါ့။ ပူမှ နေကာခရင်မ်လိမ်းရတာ မဟုတ်ပါဘူး။ နေ့တိုင်းနေ့တိုင်း နေကာခရင်မ် လိမ်းပေးဖို့လိုပါတယ်”

(၄) နေ့တိုင်း ဇာတ်ကားရိုက်ဖို့ မိတ်ကပ်အထူကြီး လိမ်းနေရတော့ အသားအရေကို ဘယ်လိုပြုပြင်သလဲ။

“အတွင်းပိုင်းအလှက အလွန်အရေးကြီးတယ်လို့ ကျွန်မလက်ခံထားပါတယ်။ ရေများများသောက်တာ၊ လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်တာ၊ စိတ်ကို အကောင်းမြင်စိတ်ထားရှိတာတွေကလည်း အသားအရေကို အပြစ်ကင်းစင် လှပစေတဲ့နည်းတွေပါ”

(၅) တခြားသူတွေကို မျှဝေချင်တဲ့ သင်ရဲ့အလှအပ နည်းလမ်းကောင်း။

“ကျွန်မရဲ့ အသားအရေထိန်းသိမ်းနည်းက အလွန်ရိုးစင်းပါတယ်။ ရှားစောင်းလက်ပပ်အခြေခံတဲ့ အသားအရေထိန်းပစ္စည်းတွေကိုသုံးတာကြောင့် အသားအရေအေးပြီး အပြစ်အနာအဆာကင်းပါတယ်။ ရေဓာတ်ဖြည့်ခရင်မ် များများလိမ်းပါတယ်”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top