Healthy Life Ad
Q & A

ကိုယ်ဝန်ရှိစဉ် ဆီးခုံဖောင်းပြီး တင်းခြင်း

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည် ။

မေး ။ ညီမက မနက်အိပ်ရာထရင် ဆီးခုံက သိသိသာသာတင်းပြီးဖောင်းနေပါတယ်။ မသိရင် ကိုယ်ဝန်ရှိသလိုမျိုးဖောင်းနေတာပါ။ ဆီးသွားပြီးရင်တော့ ပြန်ချပ်သွားပါတယ်။ လွန်ခဲ့တဲ့ ၄နှစ်လောက်ကစစ်ကြည့်တော့ ဆီးလမ်းကြောင်းမှာ ကျောက်တည်တာ ဘယ်ဘက်မှာ ၃လုံး၊ ညာဘက်မှာ လေးလုံးရှိတယ်။ ကိုယ်ဝန်ကြီးနဲ့ဆိုတော့ ကလေးထိမှာစိုးလို့ ဆေးမပြလိုက်ရဘူး။ ဒီလိုဖြစ်တာစိုးရိမ်ရပါသလား ဆရာ၊ ဆေးခန်း ပြဖို့လိုပါသလား။
Sumyat No (Fb)

ဖြေ ။ ကိုယ်ဝန်ရှိနေရင် မနက်မိုးလင်းတဲ့အခါ နေ့ခင်းထက်စာရင်တော့ ဆီးခုံက သိသိသာသာ ဖောင်းနေ တတ်ပါတယ်။ ဆီးအိမ်ထဲမှာ ဆီးတွေနဲ့ ပြည့်နေလို့ပါ။ ကိုယ်ဝန်ရှိတဲ့အတွက်လည်း ဆီးခုံကဖောင်းတယ်၊ ဆီးအိမ်ထဲမှာ ဆီးပြည့်နေတဲ့အတွက် ပိုဖောင်းတယ်။ ဆီးသွားပြီးတဲ့အခါ ပြန်လျော့သွားတယ်ဆိုရင် ပုံမှန်ပါ။

ကျောက်ကပ်ထဲမှာ ကျောက်ရှိတာကို ကိုယ်ဝန် နဲ့ဆိုရင်တော့ ဘာမှလုပ်လို့မရပါဘူး။ ရေများများ သောက်ဖို့ အန္တရာယ်မရှိဘူးဆိုရင် ရေသောက်သင့်ပါတယ်။ သာမန်ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်တွေတောင် ရေများများ သောက်သင့်တယ်ဆိုတော့ အခုကျောက်တည်နေသူ ကိုယ်ဝန်ဆောင်က ဆီးကျောက် ပိုမကြီးလာအောင် ရေများများ သောက်ပေးသင့်ပါတယ်။ တကယ်တော့ ကျောက်ရှိတဲ့သူက ကိုယ်ဝန်မဆောင်ခင်ကတည်းက ကျောက်ပြဿနာကို ဖြေရှင်းထားသင့်ပါတယ်။ ကျောက်ကပ်ထဲက ကျောက်တစ်လုံးက မတော်တဆ ကျောက်ကပ်အဝ မှာ လာတစ်ရင် ကိုယ်ဝန်ဆောင်ချိန်မှာ ခါးနာနိုင်ပါတယ်။ အဲဒီအချိန်မှာ အနာပျောက်ဆေးပေးတာ ရော၊ ပြွန်ထည့်ပြီး ကျောက်ထုတ်တာရောတွေက ကိုယ်ဝန်နဲ့ဆိုရင် ကုသဖို့ အခက်အခဲရှိပါတယ်။ အခုတော့ ရေပိုသောက်ပေးခြင်းဖြင့် ကျောက်မကြီးထွားအောင် ကာကွယ်ထားသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top