Healthy Life Ad
International

ဆယ်ကျော်သက်၏ မိခင်၊ အသက် ၄၀ဆိုသဖြင့် နုပျိုမှုအပေါ် လူအများအံ့အားသင့်သွားခဲ့

၊ မိုးမင်းထွန်း ၊

နိုဗာစကော်တီယာမှ အသက် ၄၀ အရွယ် ဆယ်ကျော်သက်သမီးနှစ်ယောက်မိခင်ဖြစ်သူ ကီညာရဲ့ရုပ်ပုံကြောင့် အင်တာနက်အသုံးပြုသူတွေ အံ့အားသင့်ခဲ့ရတယ်။ ကီညာက သူ့သမီးလေးနှစ်ယောက်နဲ့အတူ တွဲရိုက်ထားတဲ့ အရင်ပုံနဲ့အတူ အခုအခါ အသက် ၁၈ နှစ်နဲ့ ၁၆ နှစ် အသီးသီးရှိသွားကြပြီဖြစ်တဲ့ သမီးနှစ်ယောက်နဲ့ တွဲရိုက်ထားတဲ့ပုံကို ယှဉ်ပြခဲ့ရာ ကြည့်ရှုသူအားလုံး အံ့အားသင့်သွားခဲ့ကြပါတယ်။

သူရဲ့သဘာဝဆံပင်ထုံးဖွဲ့နည်းတွေကို သဘောကျတာကြောင့် အင်စတာဂရမ်မှာ Follower ခုနစ်သောင်းကိုးထောင်ရှိတဲ့ ကီညာရဲ့ပုံကို တွေ့တဲ့အခါ အံ့အားသင့်တဲ့ ကွန့်မန့်တွေတက်လာခဲ့ပါတယ်။

“သူကအမေမဟုတ်ပါဘူး၊ သူတို့အစ်မပါ”၊ “အရင်တုန်းကထက်တောင် ပိုကြည့်ကောင်းနေသေးတယ်”၊ “နုပျိုမှုလျှို့ဝှက်ချက်က ဘာလဲ”ဆိုတဲ့ မယုံနိုင်တဲ့ မှတ်ချက်တွေပေးခဲ့ကြပါတယ်။ တချို့ကလည်း အသက် ၁၅ နှစ်နဲ့ ကလေးမွေးထားပုံရတယ်လို့ဖြေခဲ့ပေမယ့် ကီညာက အဆိုးမြင်သဘောထားတချို့ကို လျစ်လျူရှုထားပါတယ်။

“အပေါ်ကပုံက လွန်ခဲ့တဲ့ ၁၂နှစ်-၁၃ နှစ်တုန်းက သမီးလေးတွေနဲ့အတူရိုက်ထားတဲ့ပုံပါ။ အောက်ကပုံကတော့ အခုလက်ရှိပုံဖြစ်ပါတယ်”လို့ ကီညာက ဖြေကြားထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top