Healthy Life Ad
Life Style

လောဘကြီးသော ဘုရင်နှင့် ပညာရှိ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ပညာရှိတစ်ယောက် လမ်းလျှောက်လာစဉ် လမ်းမပေါ်မှာ ဒင်္ဂါးပြားတစ်ခုကို သတိပြုမိခဲ့တယ်။ သူကောက်ယူလိုက်ပေမယ့် သူ့ဘဝမှာ ကျေနပ်လွန်းလို့ ဒီဒင်္ဂါးပြားကို သုံးစရာမရှိခဲ့ဘူး။ ဒါနဲ့ လိုအပ်တဲ့သူတွေဆီ လှူမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ တစ်နေ့လုံး လမ်းတွေပတ်လျှောက်ခဲ့ပေမယ့် ဘယ်သူ့ကိုမှ မတွေ့ခဲ့ရဘူး။ နောက်ဆုံးတော့ မြို့တော်ရဲ့ နေရာငယ်တစ်ခုရောက်ပြီး အဲဒီမှာ တည်းခိုလိုက်တော့တယ်။

နောက်တစ်နေ့ မနက်ခင်းမှာ နိုးထလာတော့ တခြားပြည်နယ်တစ်ခုကို စစ်ချီတက်ဖို့ပြင်နေတဲ့ ဘုရင်တစ်ပါးကို သူမြင်တွေ့လိုက်တယ်။ ဘုရင်က ပညာရှိရပ်နေတာကိုတွေ့တော့ သူ့စစ်တပ်ကို ခဏရပ်ဖို့ အမိန့်ပေးပြီး ပညာရှိဆီကိုကြွလာခဲ့တယ်။

“အို . . ကြီးမြတ်လှတဲ့ ပညာရှိ . . အခု ငါ ကိုယ်တော်မြတ်ဟာ နယ်ပယ်ချဲ့ထွင်ဖို့ တခြားပြည်နယ်ကို စစ်သွားတိုက်တော့မယ်။ အဲဒီအတွက် အောင်မြင်အောင် ငါကိုယ်တော်မြတ်ကို ကောင်းချီးပေး ဆုတောင်းပါ”

ခဏတွေးတောပြီးနောက်ပညာရှိက ဘုရင်မင်းမြတ်ကို သူရဲ့ဒင်္ဂါးပြားလေး ဆက်သလိုက်တယ်။ ဘုရင်က စိတ်ရှုပ်ထွေးစွာ စိတ်ဆိုးသွားခဲ့တယ်။ သူလို ဘုရင်မင်းမြတ်ကိုများများ ရာရာစစ ဒင်္ဂါးပြားတစ်ပြား ဆက်သရတယ်လို့ . .

“ဒီဒင်္ဂါးပြားက ဘာအဓိပ္ပာယ်လဲ”
ပညာရှိက ဖြေရှင်းတော်မူတယ်။

“ကြီးမြတ်လှတဲ့ အရှင်မင်းကြီး၊ မနေ့က လမ်းလျှောက်ရင်း ဒီဒင်္ဂါးပြားလေးကို တွေ့ခဲ့ပါတယ်။ ကျွန်တော့်မှာ သုံးစရာမလိုတဲ့အတွက် လိုအပ်နေတဲ့ တစ်ယောက်ယောက်ကို လှူမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ညနေအထိ လမ်းလျှောက်ရင်း ရှာခဲ့ပေမယ့် ဘယ်သူ့ကိုမှ မတွေ့ခဲ့ဘူး။ လူတိုင်း ပျော်ရွှင်တဲ့ဘဝမှာ နေထိုင်နေကြတယ်။ သူတို့ မှာရှိတာနဲ့ သူတို့ တင်းတိမ်ကျေနပ်ရောင့်ရဲနေကြတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ ဒီတိုင်းပြည်ရဲ့ ဘုရင်ကြီးမှာရှိတာနဲ့ မရောင့်ရဲဘဲ လိုအပ်နေတာ တွေ့လိုက်ရပါတယ်။ ဒါကြောင့် လိုအပ်နေတဲ့ ဘုရင်ကြီးကို ဆက်သတော်မူတာပါ”။ပညာရှိရဲ့ စကားကြားလိုက်မှ ဘုရင်ကြီးလည်း သူ့အမှားကို သူနားလည်သဘောပေါက်ပြီး စစ်ပွဲဆက်မတိုက်တော့ဘဲ ရပ်ခဲ့ပါတော့တယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top