Healthy Life Ad
Q & A

အန်တဲ့အခါ သွေးပါရင်…

ပါမောက္ခဦးအေးမွန် (ခွဲစိတ်ဆရာဝန်ကြီး)ဖြေကြားပေးပါသည်။

မေး. အန်တဲ့အခါ သွေးပါရင် ဘယ်လိုရောဂါဝေဒနာတွေကြောင့် ဖြစ်တတ်ပါသလဲဆရာ။
မလေးသူ၊ ကျောက်မြောင်း။

ဖြေ. အစာအိမ် အူလမ်းကြောင်းအပေါ်ပိုင်းသွေးယိုစိမ့်တာကြောင့် သွေး အန်နိုင်ပါတယ်။ အစာအိမ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်၊ အူကြောင့်လည်း ဖြစ်စေနိုင်ပါတယ်။ သွေးအန်စေတဲ့ အကြောင်းရင်းက အများကြီးရှိပါတယ်။ အဖြစ်အများဆုံးကတော့ အစာအိမ်နဲ့ အူသိမ်ဦးအနာတွေကြောင့် သွေးအန်တာပဲဖြစ်ပါတယ်။

နောက်ထပ်အဖြစ်များတဲ့အကြောင်းရင်းကတော့ အနာတွေကြောင့်မဟုတ်ဘဲနဲ့ ဆေးဝါးတွေကြောင့်၊ စတီးရွိုက်တွေနဲ့ ဆေးပြင်းတွေကြောင့်လည်း အဲဒီလိုဖြစ်တတ်ပါတယ်။ နောက်တစ်မျိုးကတော့ အသည်းခြောက်တာမျိုးမှာ သွေးကြောတွေထုံးလာတာ၊ ဝမ်းတွင်းမှာဖိအားတွေများလာပြီး သွေးကြောတွေဖောင်း လာရာကနေ ပေါက်တာတွေကြောင့်လည်း အဖြစ်များပါတယ်။ ဒါတွေက နေ့စဉ်နဲ့အမျှတွေ့နေရတာဖြစ်ပါတယ်။ တခြားဖြစ်တတ်တာတွေကတော့ အစာအိမ်ကင်ဆာကြောင့်သွေး အန်တာလည်းရှိပါတယ်။ ကျောက်ကပ်ရောဂါတွေရှိရင် လည်း သွေးအန်တတ်တယ်။ ဒါတွေကတော့ အဖြစ်နည်းပါတယ်။ အရက်အရမ်းသောက်ရင်လည်း တစ်ခါတလေ အန်ရင်သွေးပါတတ်ပါတယ်။ အန်တာတွေများသွားရင်လည်း အခန့်မသင့်ရင် သွေးနည်းနည်းပါတတ်ပါတယ်။

Most Popular

Healthy Life Ad
To Top