Healthy Life Ad
International

၄၆နှစ်ကြာပြုစုပြီးနောက် မသန်စွမ်းသားငယ်ကို သတ်ပစ်ခဲ့သည့် တရုတ်အဘွားအို တရားရုံးမှ သက်ညှာခွင့်ရရှိ

၊ မိုးမင်းထွန်း ၊

တရုတ်နိုင်ငံတောင်ပိုင်းမှ အသက် ၈၃ နှစ်အရွယ် အဘွားအိုတစ်ယောက် ဘဝတစ်လျှောက်လုံးပြုစုလာတဲ့ အသက် ၄၆နှစ်အရွယ် သားကို သတ်မှုနဲ့ ဆိုင်းငံ့ထောင်ဒဏ် ၃နှစ်ကျခံဖို့ အမိန့် ချမှတ်ခံခဲ့ရပါတယ်။ သားကိုသတ်ပြီးနောက် အဘွားအိုဟာ ရဲစခန်းသို့ ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့ပါတယ်။

သူသေဆုံးသွားချိန်မှာ မသန်စွမ်းသားငယ်ကိုပြုစုမယ့်သူမရှိမှာ စိုးရိမ်တာကြောင့် အိပ်ဆေးအများကြီးကျွေးကာ သတ်ပစ်ခဲ့ကြောင်း အဘွားအိုကဝန်ခံခဲ့ပါတယ်။ ဥပဒေချိုးဖောက်ခဲ့ပေမယ့် အဘွားအိုဟာ သက်ညှာခွင့် ခံစားထိုက်ကြောင်း တရားသူကြီးက ပြောကြားခဲ့ပါတယ်။

သူရဲ့သားဟာ လမစေ့ဘဲမွေးဖွားလာခဲ့ပြီး ရုပ်ပိုင်း၊ စိတ်ပိုင်းမသန်စွမ်းဖြစ်ကာ လမ်းမလျှောက်နိုင်၊ စကားမပြောနိုင် ဖြစ်ခဲ့ပါတယ်။ မွေးကတည်းက ကောင်းကောင်းမွန်မွန်ဂရုစိုက်ခဲ့ပြီး မသန်စွမ်းသားငယ် ၁၀နှစ်သားကတည်းက အလုပ်ထွက်ကာ အနီးကပ်ပြုစုခဲ့ကြောင်းသိရပါတယ်။

ကလေးမွေးပြီး ဘဝတစ်လျှောက်လုံး ဒုက္ခရောက်စေခဲ့တာ သူ့အပြစ်ဖြစ်ပြီး သူသေသွားတဲ့အခါ တခြားသူ လက်ထဲထားခဲ့ရမှာ စိတ်မချတာကြောင့် သတ်ပစ်ဖို့ဆုံးဖြတ်ချက်ချမိခဲ့ကြောင်း အဘွားအိုက ဝန်ခံပြောကြားခဲ့ပါတယ်။

(Ref;SCMP)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top