Healthy Life Ad
Life Style

ကိုရီးယားမင်းသမီး ဟန်ရဲဆောင်း နုပျိုလှပခြင်းလျှို့ဝှက်ချက်

၊ လရိပ်မေ ၊

ဟန်ရဲဆောင်းဟာ ကိုရီးယားမင်းသမီးတွေထဲမှာ နုပျိုပြီး တောက်ပတဲ့ အပြုံးရှိသူအဖြစ် နာမည်ကြီးပါတယ်။ သူရဲ့ နုပျိုလှပရတဲ့ လျှို့ဝှက်ချက်ကတော့ သုံးချက်ရှိပါသတဲ့။

(၁) CC ခရင်မ်လိမ်းခြင်း

မျက်နှာကို မိတ်ကပ်ထူထူကြီးလိမ်းလေ့မရှိဘဲ CC ခရင်မ်လိမ်းပြီး မျက်နှာအသားအရေ စိုပြည်အားပြည့်အောင် လုပ်လေ့ရှိသူပါ။

(၂) နှုတ်ခမ်းဆိုးဆေး (Lip Balm) လိမ်းခြင်း

ဟန်ရဲဆောင်းက နှုတ်ခမ်းကို အလေးထားခြယ်သလေ့ရှိပါတယ်။ နှုတ်ခမ်းသား ခြောက်သွေ့လွယ်သူဖြစ်လို့ ပိုက်ဆံအိတ်ထဲ နှုတ်ခမ်းဆိုးဆေး (Lip Balm) ကို အမြဲဆောင်ထားတတ်သူပါ။ နှုတ်ခမ်းဆိုးဆေးကို အများအားဖြင့် လင်းလက်နူးညံ့တဲ့အရောင် ဆိုးလေ့ရှိပါတယ်။

(၃) လက်လိမ်း ခရင်မ်လိမ်းခြင်း

အလှအပအတွက် မျက်နှာတစ်ခုတည်းပဲ ဂရုစိုက်ရမှာ မဟုတ်ပါဘူး။ ဟန်ရဲဆောင်းက လက်ကိုင်အိတ်ထဲမှာ လက်လိမ်းခရင်မ်ဆောင်ထားပြီး လက်ဆေးပြီးတိုင်းလိမ်းလေ့ရှိသူပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top