Healthy Life Ad
International

ခေါင်းနှစ်လုံးနှင့် လူသားအဖြစ် တင်စားခေါ်ဝေါ်ခံနေရသည့် ၇၁ နှစ်အရွယ် ထိုင်းအဘိုးအို

၊ မိုးမင်းထွန်း ၊

ထိုင်းနိုင်ငံမှ အသက် ၇၁ နှစ်အရွယ် ဂျရွန်းစူအန်မာလီဆိုတဲ့ ပင်စင်စားအဘိုးအိုဟာ လွန်ခဲ့တဲ့ ၁၀နှစ်လောက်က နားမှ အကျိတ်ထွက်လာခဲ့ပါတယ်။ အကျိတ်ကလျင်မြန်စွာကြီးထွားလာနေပြီး လူတွေက ခေါင်းနှစ်လုံးနဲ့အဘိုးအိုလို့ တင်စားခေါ်ဝေါ်နေကြပါတယ်။ ဆေးကုစရိတ်တွေကြောင့် ငွေကြေးပြတ်လပ်လာခဲ့ပြီး ဆေးရုံက ဆင်းခဲ့ရပါတယ်။

ညအိပ်ရာမှာ ဒုက္ခရောက်နေပြီး နေ့ပိုင်းမှာလည်း နာကျင်မှုဝေဒနာ ခံစားနေရပါတယ်။ ဆေးဖိုးရအောင် အလုပ်လုပ်နေသေးပြီး သားတွေက တတ်နိုင်သလောက် ပြုစုပေးကြကြောင်း သိရပါတယ်။ ဒေသတွင်း သတင်းထောက်တစ်ယောက်က စူအန်မာလီအကြောင်း ကြားသိခဲ့ပြီး ဆေးကုစရိတ်ရရှိဖို့ အလှူခံပေးနေကြောင်း သိရပါတယ်။ ဆေးကုငွေ လုံလုံလောက်လောက်ရခဲ့ရင်လည်း ရောဂါပျောက်ကင်းဖို့ မသေချာကြောင်းနဲ့ ခံစားရတဲ့ဝေဒနာပျောက်ကင်းဖို့ သေသာသေလိုက်ချင်ကြောင်း အဘိုးအိုကငြီးတွားနေပါတယ်။ ဆေးပညာရှင်တွေကတော့ ကင်ဆာလက္ခဏာတစ်ခုဖြစ်တဲ့ တစ်သျှူးတွေပုံမှန်မဟုတ်ဘဲ ကြီးထွားတဲ့ Neoplasm ရောဂါဖြစ်နိုင်ကြောင်း ခန့်မှန်းနေကြပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top