Healthy Life Ad
Q & A

HbA1C ဆိုတာ . . .

မေး ။ သွေးတွင်း သကြားဓာတ်စစ်ရင်း ဆရာဝန်က HbA1C စစ်ဖို့ပြောပါတယ်။ HbA1C ဆိုတာ ဘာကို ခေါ်တာပါလဲ။ ဘယ်လို အကျိုးရှိပါသလဲ။
ဒေါ်မြင့်မော်၊ မန္တလေး။

ပါမောက္ခဦးကိုကို(ဆီးချိုနှင့်အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးသည် ။

ဖြေ ။ HbA1C ဆိုတာ ဟေမိုဂလိုဘင် A1C ကို ဆိုလိုတာဖြစ်ပြီး သွေးတွင်း သကြားဓာတ်အားလုံးကို ရက် ၉၀(သုံးလ)နဲ့ စားပြီး ပျမ်းမျှယူတာပဲ ဖြစ်ပါတယ်။ သုံးလကာလအတွင်း သွေးတွင်းသကြားဓာတ် ဘယ် လောက်ရှိသလဲဆိုတာကို ပျမ်းမျှ တွက်ချက်တာပဲ ဖြစ်ပါတယ်။ သွေးတွင်း သကြားဓာတ်ထိန်းတာကောင်း၊ မကောင်းတိုင်းတာတဲ့ စနစ်ဖြစ်ပါတယ်။ သုံးလ တစ်ခါပျမ်းမျှ စစ်ဆေးရပါတယ်။ ဒီသုံးလအတွင်းမှာ သွေးတွင်း သကြားဓာတ်မြင့်တက်နေခဲ့ရင် HbA1C ရာခိုင်နှုန်းလည်းများမှာ ဖြစ်ပါတယ်။ HbA1C ကအရေးကြီးပါတယ်။
-သုံးလအတွင်း ဆီးချိုကို ထိန်းချုပ်နိုင်စွမ်းအား ကောင်း၊ မကောင်း တိုင်းတာနိုင်ပါတယ်။ ဆီးချိုရောဂါ ရှိသူတွေမှာ HbA1C စစ်လို့ အကြမ်းဖျင်းအားဖြင့် ၇ အောက် ရောက်တယ်ဆိုရင် ကောင်းပါတယ်။
-အခုနောက်ပိုင်းမှာ HbA1C ကို ရောဂါရှာဖွေရေး အတွက်ပါ သုံးလာကြပါတယ်။ အကြမ်းဖျင်းအားဖြင့် HbA1C က ၆ ဒသမ ၅ ကျော်ရင် ဆီးချိုရောဂါရှိတယ် လို့ သတ်မှတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top