Healthy Life Ad
Women

သင့်နှုတ်ခမ်းတွင် နှုတ်ခမ်းနီမြဲနေစေမည့် လှည့်စားနည်း

၊ လရိပ်မေ ၊

ပွဲလမ်းသဘင် အခမ်းအနားတွေကို သွားတဲ့အခါမှာ အစာစားပြီးလည်း နှုတ်ခမ်းနီမပျက်စေဖို့ ကြာရှည်ခံတဲ့ နှုတ်ခမ်းနီအမျိုးအစားကို ရွေးဆိုးသင့်ပါတယ်။ နှုတ်ခမ်းနီဆိုးတဲ့အခါ နှုတ်ခမ်းသားပေါ်မှာ အရောင်တွေအများကြီး ရှိမနေစေဖို့ အောက်ပါနည်းလမ်းသုံးရပ်ကိုသုံးပြီး နှုတ်ခမ်းနီဆိုးပေးပါ။

– ပွဲသွားမယ့် နေ့နံနက်ခင်းမှာ နှုတ်ခမ်းသားကို ဗက်ဆလင်း (Vaseline) ဒါမှမဟုတ် သံလွင်ဆီသုတ်လိမ်းပြီး ကြေးချွတ်ပေးပါ။ သွားတိုက်တံအဟောင်းတစ်ချောင်းကိုသုံးပြီး စက်ဝိုင်းပုံစံအတိုင်း လှည့်လည်ကာ နှုတ်ခမ်းသားတွေကို ညင်ညင်သာသာပွတ်တိုက် ကြေးချွတ်ပေးပါ။

– မိတ်ကပ်လိမ်းပြီးတဲ့အခါ နှုတ်ခမ်းကို Lip Liner နဲ့ အနားသတ်ပေးပါ။ Lip Liner က နှုတ်ခမ်းဆိုးဆေးအရောင်ကို မြဲနေစေတဲ့ အဓိကသော့ချက်ဖြစ်ပါတယ်။

– နှုတ်ခမ်းသားတွေပေါ်မှာ နှုတ်ခမ်းဆိုးဆေး (Lipstick) ဆိုးပြီး တစ်သျှူးစက္ကူနဲ့ ခပ်ဖွဖွဖိလိုက်ပါ။ ပြီးရင် နှုတ်ခမ်းဆိုးဆေးအဆီ (Lip Gloss)ကို ဆိုးပေးပါ။

– သင့်လက်ကိုင်အိတ်ထဲမှာ နှုတ်ခမ်းနီ Lipstick နဲ့ Lip Gloss ကိုတော့ မဖြစ်မနေ ဆောင်ထားသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top