Healthy Life Ad
International

နှစ်လက်မအရွယ် သံချောင်း ၆၃၉ ချောင်း မျိုချခဲ့သည့် အမျိုးသားတစ်ယောက်၏အသက်ကို ကယ်တင်နိုင်ခဲ့

၊ မိုးမင်းထွန်း ၊

အိန္ဒိယနိုင်ငံမှ စိတ်ဝေဒနာခံစားနေရတဲ့ အသက် ၄၈ နှစ်အရွယ်အမျိုးသားတစ်ယောက်ဟာ နှစ်လက်မအရွယ်အစားရှိတဲ့ သံချောင်းတွေကို မျိုချနေခဲ့ပါတယ်။ သူဟာ ထူးဆန်းတဲ့ပစ္စည်းတွေကို မျိုချချင်တဲ့ စိတ်ဝေဒနာတစ်မျိုး ခံစားနေရကြောင်းသိရပါတယ်။

လွန်ခဲ့တဲ့နှစ်ပတ်က သူဟာ အကြိမ်ကြိမ်အော့အန်နေကာ ဝမ်းဗိုက်မခံမရပ်နိုင်အောင် နာကျင်နေတာကြောင့် ဆေးရုံတက်ခဲ့ရပါတယ်။ ဆရာဝန်တွေက သူ့ရဲ့ခန္ဓာကိုယ်အတွင်းပိုင်းထဲကို မှန်ပြောင်းကြည့် စစ်ဆေးနည်း (endoscopy)နဲ့ စစ်ဆေးခဲ့ကြရာ ၆ ဒသမ ၆၁ ပေါင်အလေးချိန်ရှိတဲ့ သံချောင်း ၆၃၉ ချောင်းကို တွေ့ရှိခဲ့ကြပါတယ်။ ချွန်ထက်တဲ့ သံချောင်းတွေက အဆိုပါအမျိုးသားရဲ့ အစာခြေလမ်းကြောင်း ကို မထိုးဖောက်ခဲ့တာကို အံ့သြစရာကောင်းစွာ တွေ့ရှိခဲ့ကြပါတယ်။

ဆရာဝန်တွေက ၁၀ စင်တီမီတာအရွယ်အစား ဝမ်းဗိုက်ဖောက်ပြီး သံလိုက်ကို အသုံးပြုကာ သံချောင်းတွေကို ဖယ်ရှားပေးခဲ့ကြပါတယ်။ ခွဲစိတ်မှုက ၂ နာရီနီးပါးကြာမြင့်ခဲ့ပြီး အောင်မြင်ခဲ့ကြောင်း သိရပါတယ်။ အမျိုးသားရဲ့ အခြေအနေဟာ တည်ငြိမ်လာနေပြီဖြစ်ပြီး စိတ်ချရတဲ့အဆင့်ရောက်အောင် ဆေးရုံမှာ စောင့်ကြည့်နေဆဲဖြစ်ကြောင်း သိရှိရပါတယ်။

(Ref;DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top