Healthy Life Ad
International

ဆယ်စုနှစ်ကြာ ထူးထူးဆန်းဆန်းနှာခေါင်းသွေးယိုနေသည့် အမျိုးသမီး နောက်ဆုံးမှနှာခေါင်းထဲ သွားပေါက်နေကြောင်းတွေ့ရှိ

၊ မိုးမင်းထွန်း ၊

တရုတ်နိုင်ငံမှ အသက် ၅၇ နှစ်အရွယ် ရှီရာ အမည်ရအမျိုးသမီးဟာ ဆယ်စုနှစ်ကြာ နှာခေါင်းသွေးယိုတဲ့ ဝေဒနာကို ပုံမှန် ခံစားနေခဲ့ရပါတယ်။ နှာခေါင်းအမြှေးပါးရောင်ရမ်းတာကြောင့်သာ သွေးယိုခဲ့တယ်လို့ ထင်ခဲ့ပါတယ်။

နောက်ဆုံး စမ်းသပ်စစ်ဆေးကြည့်ခဲ့ရာမှာ အမျိုးသမီးရဲ့နှာခေါင်းပေါက်ထဲမှာ လုံးဝန်းတဲ့ အရာ တစ်ခုတွေ့ရှိခဲ့ကြပြီး ပစ္စည်းတစ်ခုခု ဒါမှမဟုတ် ကျောက်တုံးတစ်တုံးဝင်နေတယ်လို့ ဆရာဝန်တွေက ထင်ခဲ့ကြပါသေးတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သွားတစ်ချောင်းပေါက်နေတာကို တွေ့ရှိခဲ့ကြပါတယ်။ ဒီလိုရောဂါမျိုးကို supernumerary teeth လို့ခေါ်ကြပြီး အပိုသွားတွေက မျက်နှာပေါ်မှ တခြားတစ်နေရာရာမှာ သွားရောက်ပေါက်တတ်တယ်လို့ ဆရာဝန်တွေက ရှင်းပြခဲ့ပါတယ်။

ကိုယ်ဝန်ဆောင်နေစဉ်အတွင်း သွားဟာ ဖွံ့ဖြိုးတတ်ပြီး မွေးရာပါသွားရောဂါမျိုးဖြစ်ပါတယ်။ အလွန်ရှားပါးတဲ့ ရောဂါမျိုးဖြစ်ပြီး တရုတ်တစ်နိုင်ငံလုံး အထောက်အထားအရ လူ ၂၀ လောက်သာဖြစ်ပွားဖူးကြောင်း သိရပါတယ်။ ဆရာဝန်တွေက အမျိုးသမီးရဲ့ နှာခေါင်းပေါက်မှ သွားကို ဆွဲနုတ်ပေးခဲ့ပြီးနောက် နှာခေါင်းသွေးယိုတာရပ်တန့်သွားပြီး နှစ်ပေါင်းများစွာကြာခံစားနေရတဲ့ ဝေဒနာသက်သာသွားကြောင်း သိရပါတယ်။

(Ref;DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top